ရန်ကုန်၊ မတ် ၃၁
ကြံ့ဖွတ်ပါတီမှ မဲအများစုဖြင့် အကြမ်းဖက် မင်းအောင်လှိုင်သည် အကြမ်းဖက် ပြည်သူ့လွှတ်တော်အစုအဖွဲ့မှ ကြံ့ဖွတ်ကိုယ်စားလှယ်အမတ်များ၏ ထောက်ခံမဲ ၂၄၇ မဲဖြင့် ဒုတိယသမ္မတဖြစ်လာကြောင်း ယနေ့ အကြမ်းဖက် ကြံ့ဖွတ်ပြည်သူ့ လွှတ်တော်က ကြေညာသည်။
ယနေ့ ကြံ့ဖွတ်ပါတီမှ ခင်ရီ ဦးဆောင်သော အကြမ်းဖက် ပြည်သူ့လွှတ်တော်က တစည ပါတီမှ ဒုတိယသမ္မတလောင်း ကျော်ဆွေနှင့် ကြံ့ဖွတ်ပါတီမှ တင်သွင်းသော ဒုတိယသမ္မတလောင်း မင်းအောင်လှိုင်တို့ ယှဉ်ပြိုင်ခဲ့ကြရာ မင်းအောင် လှိုင်က ကြံ့ဖွတ်ပါတီမှ အမတ်အများစု၏ ထောက်ခံမဲဖြင့် ဒုတိယသမ္မတဖြစ် လာသည်။
ပြိုင်ဘက်အဖြစ် အရွေးချယ်ခံသည့် တစညပါတီမှ ဒေါက်တာကျော်ဆွေမှာ ထောက်ခံမဲ ၁၀ မဲသာ ရရှိသဖြင့် အကြမ်းဖက် ပြည်သူ့လွှတ်တော်၏ ဒုတိယသမ္မတလောင်းအဖြစ်မှ ရှုံးနိမ့်သွားခဲ့သည်။
အကြမ်းဖက် မင်းအောင်လှိုင်သည် အကြမ်းဖက် ပြည်သူ့လွှတ်တော်အစုအဖွဲ့ ၏ ကြံ့ဖွတ်ပါတီ၏ ထောက်ခံမဲ ၂၄၇ မဲဖြင့် ဒုတိယသမ္မတ ဖြစ်လာခြင်းဖြစ် သည်။
မင်းအောင်လှိုင်သည် ယမန်နေ့ မတ်လ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်ဦးစီးချုပ်ရာထူးကို သူ၏ လူယုံ ရဲဝင်းဦးကို လွှဲပြောင်းပေးခဲ့ပြီး ယင်းလွှဲပြောင်းပေးပွဲ အခမ်းအနားတွင် မဲမသမာမှုကြောင့် စစ်တပ်က အာဏာရယူခဲ့ခြင်းဖြစ်သည်ဟု နောက်ဆုံးအကြိမ် ထပ်မံ၍ NLD အစိုးရကို ပုတ်ခတ်ပြောဆိုခဲ့သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများစွာ ဖြစ်ပေါ်ခဲ့သည်ကို ဖြေရှင်းဆောင်ရွက်ပေးရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေး အပ်ထားသောတာဝန်နှင့်အညီ စစ်တပ်က အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ဖြေရှင်းမပေးဘဲ နိုင်ငံတော်အာဏာကို အတင်း အဓမ္မနည်းဖြင့် ရယူရန်ကြိုးစားခဲ့ကြောင်း၊ ထို့ ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရမှုသည် အားလုံးမျှော်လင့်မထားသည့် နိုင်ငံရေးအလှည့်အပြောင်းကြီးဖြစ်ကြောင်း ယမန်နေ့ စစ်ဦးစီးချုပ် လွှဲပြောင်းပွဲ အခမ်းအနားတွင် မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
အခြားတစ်ဖက်တွင် အကြမ်းဖက် အမျိုးသားလွှတ်တော်တွင် ကြံ့ဖွတ်ပါတီက တင်သွင်းသော နန်းနီနီအေးသည် အကြမ်းဖက် ဒုတိယသမ္မတ အဖြစ် ထောက်ခံမဲအများစုရရှိ၍ ကြံ့ဖွတ်အမျိုးသားလွှတ်တော်အစုအဖွဲ့၏ ဒုတိယသမ္မတ ဖြစ်လာကြောင်း သိရှိရသည်။




