31 C
Yangon

ထိုင်းနိုင်ငံတွင် သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည့် တရားခံ ၁ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးပြီး ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်

Must read

ရန်ကုန်၊ မတ် ၃၁

ထိုင်းနိုင်ငံ၊ ဖက်ဘူးခရိုင်တွင် သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည့် တရားခံ ၁ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးပြီး ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဌာန ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ် ဇွန်လပိုင်းတွင် ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင်တွင် နေထိုင်သော အသက် ၃၇ နှစ်အရွယ် စောကဲလဲသည် သက်ငယ်မုဒိန်းမှုကျူးလွန်၍ မြန်မာနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်ကြောင့် တရားခံကို ဖမ်းဆီးနိုင်ရန် ထိုင်းအာဏာပိုင်များက သတင်းပေးပို့ အကူညီတောင်းခံခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များက တရားခံကို ဖမ်းဆီးနိုင်ရေး လိုက်လံစုံစမ်းစဉ် တနင်္သာရီမြို့နယ်အတွင်း မတ်လ ၂၇ ရက်နေ့တွင် နယ်မြေလုံခြုံရေးဆောက်ရွက်နေသည့် တနင်္သာရီတိုင်းစစ်ဌာန၏ ထောက်လှမ်းရေးအရာရှိ၊ နည်းဗျူဟာ(၃၅)ထောက်လှမ်းရေးအဖွဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၂ ၊ ၃ ထောက်လှမ်းရေးတာဝန်ခံများ၊ KNLA တပ်ရင်း(၁၁) နှင့် မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသော တရားခံကို မတ်လ ၂၈ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်၌ တရားခံ၊ သက်သေခံပစ္စည်းများ တရားခံ၏ ထွက်ဆိုချက်များကို တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲရေးမှူး ရဲ‌ဘော်စတားမှ ထိုင်းအာဏာပိုင်များထံ ရှင်းလင်းပြောဆိုခဲ့ပြီး အမှတ် ၃၅ နည်းဗျူဟာမှူး ရဲဘော်ကျော်ထင်အောင်၊ ကရင်အမျိုးသားအစည်းအရုံး KNU မြို့နယ်ရဲမှူး တို့မှ စာရွက်စာတမ်းများနှင့်တကွ ထိုင်းအာဏာပိုင်များထံသို့ တရားဝင်လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article