28 C
Yangon

မိုးကုတ်မြို့မှ ဆုတ်ခွာခဲ့ရသော်လည်း အနီးဆုံးနေရာတွင် တော်လှန်ရေးတပ်များ အင်အား စုပြန်လည်စုဖွဲ့

Must read

ရန်ကုန်၊ ဧပြီ ၂

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှ ဆုတ်ခွာခဲ့ရသော်လည်း မိုးကုတ်မြို့နယ်နှင့်အနီးဆုံးနေရာတွင် အင်အား ပြန်လည် စုဖွဲ့ပြင်ဆင်နေကြောင်း Red Wolves Of Mogok မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၁ ရက်နေ့ မိုးကုတ်၊ မိုးမိတ် စစ်ဦးစီးချုပ်၏ အမိန့်ဖြင့် မိုးကုတ်မြို့နယ်မှ ဆုတ်ခွာခဲ့ရသော်လည်း ယခုအခါ မိုးကုတ်မြို့နယ်နှင့် အနီးဆုံးနေရာတစ်ခုတွင် အင်အားပြန်လည် ဖြည့်တင်းမှုများ ပြုလုပ်ကာ မိုးကုတ်မြို့ကို အချိန်မရွေး ပြန်လည်ဝင်ရောက်နိုင်သည့်အနေ အထား တွင် တည်ရှိနေကြောင်း အသိပေးထားသည်။

“မြေပြင်မှာ ပြည်သူတွေရဲ့ဆန္ဒနဲ့ ထပ်တူကျစွာ ဆက်လက်ရုန်းကန်တိုက်ပွဲ ဝင်နေတဲ့ တပ် ရင်း/ တပ် ဖွဲ့ များစွာရှိသေးတဲ့အတွက် အခုလို ပြန်လည်ပြင်ဆင်အားယူနေတဲ့အချိန်မှာ စိတ်ရှည်ရှည်နဲ့ ယုံ ကြည်စွာ ဆက်လက်စောင့်မျှော်နေပေးဖို့ မိဘပြည်သူတွေကို မေတ္တာ ရပ်ခံချင်ပါတယ်” ဟု Red Wolves Of Mogok မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မျှော်လင့်ချက်ကို လက်မလျော့ကြရန်နှင့် ပခုံးပေါ် ထမ်းတင် ထားသည့် တာဝန်များကို ဆုံးခန်းတိုင် အောင်မြင်သည်အထိ ဆက်လက်ထမ်းဆောင် သွားမည်ဖြစ် သည်ကို တပ်ဖွဲ့ဝင် ရဲဘော်များ၏ အသက် ၊ သွေး၊ ချွေးတို့ဖြင့် တိုင်တည်ကတိသစ္စာပြုပါကြောင်း အသိပေးထားသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့နှင့် အောက်တိုဘာလ ၂၈ ရက်နေ့တို့တွင် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိင်းမှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် TNLA နှင့် အကြမ်းဖက်စစ်တပ်တို့ အပစ်အခတ်ရပ်စဲရန်၊ မိုးကုတ်နှင့်မိုးမိတ်မြို့တို့ကို ပြန်လည် ပေးအပ်ရန် သဘောတူညီခဲ့ကြပြီး နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က မိုးကုတ်နှင့်မိုးမိတ်ဒေသတို့သို့ ဝင်ရောက်လာခဲ့သည်။

TNLA က မိုးကုတ်မြို့ကို လက်လွှတ်ခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မ တော်၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့များ (ပကဖ) တပ်များနှင့် တော်လှန်ရေးတပ်များက မိုးကုတ်မြို့ ပြန်လည် ရရှိရေး တိုက်ပွဲဝင်ခဲ့သော်လည်း စစ်တပ်က အင်အားအလုံးအရင်းဖြင့် ခုခံထိုးစစ်ဆင်သဖြင့် တော်လှန်ရေး တပ်များ ယာယီဆုတ်ခွာခဲ့ရသည်။

ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article