28 C
Yangon

ဖားကန့်မြို့ မှော်ဝမ်းအနီးရှိ စစ်တပ် ရှေ့တန်းစခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်တပ်က လေယာဉ်ဖြင့် ပြန်လည် ဗုံးကျဲ

Must read

ရန်ကုန်၊ ဧပြီ ၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မှော်ဝမ်းအနီးရှိ အကြမ်းဖက် စစ်တပ် ရှေ့တန်းစခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်တပ်က လေယာဉ်ဖြင့် ပြန်လည် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂ ရက်နေ့ နံနက်အစောပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ ဖားကန့်မြို့ မှော်ဝမ်း အနီးနှင့် လုံးခင်းရှိ မှော်စီဆာရွာဘက်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ပွဲများတွင်း KIA ပူးပေါင်းတပ်က မှော်ဝမ်းအနီးရှိ စစ်တပ် ရှေ့တန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုစစ်တပ် စခန်းကို သိမ်းပိုက်ရရှိပြီး ခဏအကြာ မွန်းလွဲ ၂ နာရီ ကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် မှော်ဝမ်း အနီးတဝိုက်ကို ဗုံးကျဲ တိုက်ခိုက်သွားကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“မှော်ဝမ်းအနီးက စစ်ခွေးစခန်းကို သိမ်းလိုက်တာလို့သိရတယ်။ လေယာဉ်ကလည်း သိမ်းခဲ့ရပြီး မကြာဘူး။ ၂ ကြိမ် လာရောက် ဗုံးကျဲ တိုက်ခိုက်သွားတယ်။ တိုက်ပွဲက နံနက်ပိုင်းတည်းက ဖြစ်နေတာ သူတို့ အထိနာလို့ လေယာဉ်နဲ့ လာကျဲတာပေါ့။ တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေက အထိနာတယ် သေဆုံးစားရင်းတွေတော့ မသိရသေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ နံနက်အစောပိုင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ဖားကန့်မြို့ပေါ်ရှိ ဆောင်းကဖေး အရှေ့ဘက်နှင့် မြို့မရပ်ကွက်၊ ကလပ်ကုန်း အနီးကို ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၉ နှစ်အရွယ် မောင်ဖုန်ရိန်အောင်၊ အသက် ၁၇ နှစ်အရွယ် မဂျာအောင် ၊ အသက် ၂၈ နှစ်အရွယ် မဆောင်မျော် ၊ အသက် ၃၀ နှစ်အရွယ် ဦးဘန်းအောင်နှင့် အသက် ၅၀ နှစ်အရွယ် ဦးတူးခေါင် တို့ လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article