28 C
Yangon

သရက်-မင်းလှ ရထားလမ်းပိုင်းတွင် ဖဲထိုင်ရိုက်နေ‌သည့် စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ပေါက်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂

မကွေးတိုင်း၊ သရက်မြို့နယ်၊ သရက်-မင်းလှ ရထားလမ်းပိုင်းတွင် လုံခြုံရေး လုပ်ဆောင်နေသာ စစ်သားများ ဖဲထိုင်ရိုက်နေသည်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦး သေဆုံးခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် သရက်-မင်းလှ ရထားလမ်းပိုင်း၌ လုံခြုံရေးယူကာ ပြည်သူများကို အနိုင်ကျင့်ဖိနှိပ်နေသည့် အကြမ်းဖက် စစ်သားများ ကြာကံကျေးရွာ ဘူတာရုံ၌ ဖဲထိုင်ရိုက်နေစဉ် တော်လှန်ရေးတပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုသည် မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သရက်မြို့ဆေးရုံကို အရေးပေါ် ဆေးကုသရန် ပို့ဆောင်လိုက်ရကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာခဲ့သော အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၁၄ ရက်နေ့မှ စတင်ပြီး ဧရာ၀တီမြစ်နှင့် အပြိုင်တည်ဆောက်ထားသော သရက်-မင်းလှ ရထားလမ်းပိုင်းကို ပို့ဆောင်ရေး လမ်းကြောင်းအဖြစ် အသုံးပြုရန်အတွက် အင်အား ၁၈၀ ခန့်ဖြင့် သရက်မြို့နယ် မြောက်ခြမ်း၊ ဆင်ပေါင်ဝဲမြို့နယ်တောင်ဘက်ခြမ်းနှင့် ဧရာ၀တီမြစ်ကမ်းဘေးကို တပ်ဖြန့်ကာ လာရောက်တပ်စွဲထားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ လာရောက်တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်သားများက ရထားလမ်း လုံခြုံရေး‌နှင့် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများတွင်လည်း ဒေသတွင်းရှိ ပြည်သူများကို အတင်းအဓမ္မ ခြိမ်းခြောက်စေခိုင်းလျက်ရှိပြီး လူငယ်များကို အတင်းအဓမ္မ ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ ပြန်ပေးဆွဲ ငွေကြေးတောင်းခံခြင်းနှင့် နေအိမ်များအတွင်း ဝင်ရောက်ခိုးယူလုယှက်ခြင်းများကို ကျူးလွန်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ စုံစမ်းသိရှိရသလောက်ကတော့ စစ်ခွေးတွေဘက်က ၁ ဦးသေဆုံးတယ်လို့ပဲသိရပြီးတော့ ထပ်တိုးတာမျိုးမရှိပါဘူး။ အင်အား ၁၈၀ လောက်ကို စစ်ခွေးတွေက ကျေးရွာ ၈ ခုခန့် တပ်ဖြန့်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပစ်ခတ်တဲ့နေရာမှာတော့ စစ်ခွေးအင်းအား ၂၀ ခန့်ရှိတယ်လို့ သိရပါတယ်။ တော်လှန်ရေးရဲဘော်တွေဘက်ကတော့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်” ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ တာဝန်ရှိသူ ပြောဆိုသည်။

ဗမာပြည်ကာကွယ်ရေးတပ် – USBA အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက် စစ်အုပ်စုအား ထိခိုက်မှု တစုံတရာဖြစ်စေရန် ပြောက်ကျားစစ်ဆင်ရေးများမှ တစ်ဆင့် ပြည်သူလူထုကို အပြည့်အဝကာကွယ်ပေးနိုင်သည်အထိ စနစ်တကျ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် ရိက္ခာယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ပေါက်မြို့နယ် ပကဖ က ထုတ်ပြန်ထားသည်။

မတ်လ ၂၆ ရက်နေ့တွင် ပေါက်မြို့နယ်အတွင်းမှ ပေါက်တောင်ပိုင်း ပျူစောထီး ရွာများသို့ ရိက္ခာပို့ရန် ထွက်လာ​သည့် စစ်တပ် စစ်ကြောင်းကို မြေခြားကျေးရွာ၊ လယ်လမ်းကျေးရွာနှင့် သရဖီကျေးရွာများ အကြားတွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂၈ ရက်နေ့တွင် စစ်တပ် စစ်ကြောင်းသည် လယ်လမ်းကျေးရွာနှင့် သရဖီ ကျေးရွာ အကြား ရောက်ရှိလာစဉ် တော်လှန်ရေး အင်အားစုက ကြားဖြတ် ဝင်​ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ပွဲသည် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးကာ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိပြီး ကား ၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပေါက်မြို့နယ် ပကဖ ၊ မြိုင် မြို့နယ် ပကဖ နှင့် MGY PDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article