26 C
Yangon

ညောင်ဦးမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်တပ်က ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီးသဖြင့် နေအိမ် ၃၀ ကျော်ပြာကျ၊ စစ်တပ်နှင့်ပျူစောထီးများက ပြည်သူပိုင်ပစ္စည်းများကို လုယက်ခိုးယူနေ

Must read

ရန်ကုန်၊ ဧပြီ ၃

မကွေးတိုင်း၊ ချောက်မြို့နယ်မှ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မကွေးခရိုင်အမှတ် – ၃ တပ်ရင်း အဖွဲ့မှ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၃၁ ရက်နေ့ ချောက်မြို့နယ် အရှေ့မြောက်ခြမ်းရှိ ဆင်ကရွာ၊ ကြေးနီရွာ၊ သွေးနက်ရွာ များမှ တဆင့် ညောင်ဦးမြို့နယ်၊ ဗိုလ်ကုန်းရွာကို စစ်ကြောင်းထိုးလာသော အကြမ်း ဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ကြေးနီးရွာနှင့် ဗိုလ်ကုန်းရွာ အနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ် ရာရရှိသူများပြားပြီး တော်လှန်ရေး ရဲ ဘော် ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်တပ် စစ်ကြောင်းသည် ဆင်ကရွာမှ ပြည်သူပိုင် နေအိမ် ၁ လုံး၊ သွေးနက်ရွာမှ ပြည်သူနေအိမ် ၁ လုံးနှင့် ဗိုလ်ကုန်း ရွာမှ ပြည်သူ နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်း ထပ်တိုးသေဆုံးတာမျိုး အဲလိုတော့ ထပ်တိုးသေတာသတင်းမရသေး ပါဘူး။ စစ်ခွေး သေဆုံးတာ နေရာမှာ တင် ၅ ဦးသေဆုံးဟုတ်ပါတယ်။ ရဲဘော်တွေမျက် မြင်ရော ကားတွေနဲ့ပြန်သယ်သွားတာ ပြည်သူတွေမြင်တာရော အတည်ပြုနိုင်တာပါ။ စစ်ခွေး ဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုး အဲလိုမျိုးတော့မရှိပါဘူး။ လက် ရှိမှာ စစ်ခွေး စစ်ကြောင်းက ချောက်မြို့ထဲကို ပြန်ဝင်သွားပါပြီ။ အဲဒီလို စစ်ခွေး ပြန်ဆုတ်သွားတော့ ပြည်သူတွေ ဖမ်းဆီးသွားတာမျိုး မရှိပါဘူး”ဟု မကွေးခရိုင်အမှတ်-၃ တပ်ရင်း အဖွဲ့မှ တပ်ရင်းမှူးကပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်အမှတ် ၃ တပ် ရင်း ( CRA ) ၊ မကွေးခရိုင် အမှတ်(၁)တပ်ရင်း၊ များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း၊ မကွေးခရိုင်စစ်ဌာနအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များ၊ တော်လှန်ရေး အင်အားစုများနှင့်ပူးပေါင်းကာ အာဏာရှင်အမြစ်ဖြတ် တိုက်ပွဲများ အရှိန်မြှင့် ဖော်ဆောင်လျက်ရှိကြောင်း မကွေးခရိုင်အမှတ်-၃ တပ်ရင်း အဖွဲ့က အသိပေး နှိုးဆော်ထားသည်။

အခြားတစ်ဖက်တွင်လည်း မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ် တပ်နှင့်ပျူစောထီးများက ပြည်သူများနေထိုင်သော ကျေးရွာများကို လှည့်လည်၍ စစ် ကြောင်းထိုးခြင်း၊ ပစ္စည်းများကို ခိုးယူလုယက်မှုများ လုပ်ဆောင်နေသဖြင့် စားဝတ်နေရေး လုပ်ကိုင်စားသောက်ရန်နှင့် အိပ်စက်အနားယူရန်ပင် ခက်ခဲနေကြောင်းဒေသပြည်သူများက ပြောဆိုကြသည်။

ဒေသပြည်သူများ၏ ပြောပြချက်အရ ရပ်ကွက်နှင့် ကျေးရွာများအတွင်း ပျူစောထီးအဖွဲ့ဝင်အချို့မှာ အရပ်ဝတ်များဖြင့် သေနက်ပြကာ ရမ်းကားခြင်း၊ ငွေကြေးတောင်းခံခြင်းနှင့် အနိုင်ကျင့်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့ (PDF) များ အဝင်အထွက်ရှိသည်ဟု ယူဆရသော ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ပစ္စည်းများသိမ်းဆည်းခြင်း၊ လူငယ်များကို PDF ဟု စွပ်စွဲကာ ရန်ရှာဖမ်းဆီးခြင်းနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသည့်အတွက် ပြည်သူများမှာ ထွက်ပြေးနေရကြောင်း သိရှိရသည်။

လက်ရှိတွင် အညာဒေသ၏ အဓိကလုပ်ငန်းဖြစ်သော ထန်းတက်ရာသီ စတင်နေပြီဖြစ်ရာ ထန်းတက်သမားများမှာ ဘေးအန္တရာယ်ကြားမှပင် မနက် ၄ နာရီကတည်းက ထန်းတောသို့ သွားရောက်ကာ ည ၈ နာရီမှ ရွာထဲသို့ ပြန်ဝင်ကြရသည်။

ထို့ပြင် မိုးကျပါက ပဲမျိုးစုံစိုက်ပျိုးရန်အတွက် ယာမြေပြင်ရမည့် အရေးကြီးသည့် အချိန်ဖြစ်သော်လည်း စစ်ရေးအခြေအနေများကြောင့် ပြည်သူများမှာ အလုပ်ကို ကောင်းမွန်စွာ မလုပ်ကိုင်နိုင်ဘဲ ဖြစ်နေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article