26 C
Yangon

ရေးမြို့နယ် အခြေစိုက် ခလရ ၃၄၃ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဧပြီ ၄

မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေစိုက် ခလရ ၃၄၃ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ရေးပြောက်ကျားတပ် YGF အမှတ် ( ၈၀၀၁) တပ်ရင်း တပ်ရင်းမှူး ရဲဘော် ဗိုလ်ကျန်ရစ်က​ ယနေ့ ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် ရေးမြို့နယ် အခြေစိုက် ခလရ ၃၄၃ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ်များဖြစ်ပြီး အပတ်စဉ် ၁၆ သင်တန်းဆင်းများဖြစ်ကြောင်း၊ ထို့ပြင် ၎င်းတို့ ၂ ဦးသည် MA-1 အမျိုးအစား သေနတ် ၂ လက်လည်း ယူဆောင်လာကာ ရေးပြောက်ကျားတပ် YGF အမှတ် ( ၈၀၀၁) တပ်ရင်းထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်ရောက်လိုသူများကို ဆက်လက်၍ နွေးထွေးစွာကြိုဆိုသွားမည်ဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ အတင်းအဓမ္မ စစ်မှုထမ်းပေါ်တာဆွဲခံရမည့်အစား ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲကို ဝင်ရောက်ပြီး တော်လှန်ရေး အမြန်ပြီးဆုံးအောင် တွန်းလှန်ကြရန် ရေးပြောက်ကျားတပ် YGF အမှတ် ( ၈၀၀၁) တပ်ရင်းက ပြောဆိုထားသည်။

အလားတူ YGF အမှတ် ( ၈၀၀၁) တပ်ရင်းထံသို့ ယခုနှစ် ဇန်နဝါရီလပိုင်းနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ပိုင်းကလည်း ရေးမြို့နယ် ကိုးမိုင်ကျေးရွာအခြေစိုက် ခလရ၂ ၉၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၂ ဦး၊ စကခ ၁၉ မှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး၊ စကခ ၁၉ လက်အောက်ရှိ ကျောင်းရွာစံပြကျေးရွာတွင် အခြေစိုက်သော ခမရ ၅၉၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၃ ဦးတို့သည်လည်း လက်နက်ခဲယမ်းများ ယူဆောင်လာကာ အလင်းဝင်ရောက်ခဲ့သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article