27 C
Yangon

မြို့သစ်နှင့် နတ်မောက် မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

Must read

ရန်ကုန်၊ ဧပြီ ၅

မကွေးတိုင်း၊ မြို့သစ်နှင့် နတ်မောက် မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း နတ်မောက်မြို့နယ် ပကဖ က ပြောဆိုသည်။

ဧပြီလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ကပစ-၁၇ မှ ထွက်လာသော စစ်ကြောင်းသည် မြို့သစ်မြို့နယ်နှင့် နတ်မောက်မြို့နယ် အကြားရောက်ရှိလာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း တော်လှန်ရေးတပ်ဖွဲ့များက လက်ဦးမှုရယူကာ စတင် တိုက်ခိုက်နိုင်ခဲ့သောကြောင့် အကြမ်းဖက် စစ်သား ၁၅ ဦးသေဆုံးသည်ကို မျက်မြင်တွေ့မြင်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နတ်မောက်မြို့နယ်အတွင်း ဆက်လက် စစ်ကြောင်းထိုးနေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များက ဆက်လက် ခုခံတိုက်ခိုက်နေကာ ကျေးရွာများ တဝိုက်တွင် ထိတွေ့တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နတ်မောက်မြို့နယ် ပကဖ ပြည်သူ့ကာကွယ်ရေး‌တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေနှင့် စစ်ဆင်ရေးကာလအတွင်း စစ်ရေးသတိ၊ စစ်ရေးအသိဖြင့် တိုက်ပွဲဖြစ်ပွားရာ ဧရိယာတစ်ဝိုက်နှင့် ဆက်စပ်ဒေသများတွင် မိုင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ်နှင့် လေကြောင်းအန္တရာယ်များကို အထူးဂရုပြု၍ သွားလာလှုပ်ရှားနေထိုင်ကြပါရန်နှင့် တိုက်ပွဲ သတင်း အသေးစိတ်ကို မကြာမှီဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article