27 C
Yangon

ငဖဲမြို့ပေါ်ထိ CDF – Asho မှ ရဲဘော်များ ဝင်ရောက်ခဲ့ပြီး မြို့လုံခြုံရေးနှင့် စစ်ဆေးရေးများ လုပ်ဆောင်

Must read

ရန်ကုန်၊ ဧပြီ ၅

မကွေးတိုင်း၊ ငဖဲမြို့ပေါ်ထိ CDF – Asho မှ ရဲဘော်များ ဝင်ရောက်ခဲ့ပြီး မြို့လုံခြုံရေးနှင့် စစ်ဆေးရေးများ လုပ်ဆောင်ခဲ့ကြောင်း CDF – Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၅ ရက်နေ့ နံနက်အစောပိုင်းတွင် ငဖဲမြို့အတွင်းရှိ မြို့နယ်ပညာရေးမှူးရုံးနှင် ကြံ့ဖွတ်ပါတီ ရုံးများကို CDF – Asho မှ စစ်ကြောင်းမှူး မြွေပွေးဦးဆောင်ပြီး မြို့လုံခြုံရေးနှင့် စစ်ဆေးရေးများ ဝင်ရောက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ CDF – Asho မှ ရဲဘော်များ မြို့ပေါ် ဝင်ရောက်လာချိန်တွင် အကြမ်းဖက် စစ်သားများ မရှိသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ငဖဲမြို့ တောင်ဘက်ပိုင်း နေရာယူထားခြင်းဖြစ်ပြီး CDF – Asho မှ ရဲဘော်များက မြို့မြောက်ဘက်မှ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲတော့ မဖြစ်ပါဘူး။ ကျနော်တို့ မြို့ပေါ်ကို တက်ပြီး အင်အားပြတဲ့ သဘောမျိုးပါပဲ။ စစ်ခွေးက မြို့ရဲ့ တောင်ဘက်ပိုင်းမှာ နေရာယူထားတာဆိုတော့ ကျနော်တို့က မြောက်ဘက်ကနေ မြို့ထဲကို ဝင်ရောက်ခဲ့တာပေါ့။ အဓိက ကျနော်တို့ အနေနဲ့ မြို့ပေါ်ထိ ဝင်ပြီး အင်အားပြရတဲ့ ရည်ရွယ်ချက်က ပြည်သူတွေအနေနဲ့ အကြမ်းဖက် သမ္မတသစ်ရဲ့ ဟန်ဆောင်ပြီး ညင်သာပြတဲ့ အုပ်ချုပ်မှုတွေကို မယိမ်းယိုင်သွားဖို့ စစ်ကော်မရှင်အနေနဲ့ အခုထိလည်း ရက်စက်ကြမ်းကြုပ်စွာ ပြည်သူအပေါ် ပြုမူနေတာကို မေ့မသွားကြဖို့ စစ်အစိုးရစနစ်ကို တော်လှန်နေရမယ်ဆိုတာကို ပြောချင်ပါတယ်” ဟု CDF – Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။

အကြမ်းဖက် သမ္မတသစ် မင်းအောင်လှိုင်ကို ပုန်ကန်ကြရန်နှင့် အကြမ်းဖက် မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီချုပ်အသစ်လက်ထက်တွင် ထပ်မံ၍ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို ပြည်သူများမှ မေ့လျှော့ မသွားကြရန် ချင်းကာကွယ်ရေးတပ်-အရှို (CDF_Asho) က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article