27 C
Yangon

နတ်မောက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၆

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့မှ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဧပြီလ ၆ ရက်နေ့တွင် နံနက် ၇ နာရီခန့်တွင် နတ်မောက်မြို့နယ်ရှိ ကျေးရွာများ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရှိသူများပြားခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေး စစ်ကြောင်းက နေပြည်တော် မိတ္ထီလာ တပ်ပေါင်းစုက လာတဲ့ စစ်ခွေးစစ်ကြောင်းပါ။ စစ်ခွေး အင်အားက ၂၀၀ လောက်ရှိတယ်။ နတ်မောက်မြို့နယ်၊ ကန်သာကျေးရွာ ထန်ပင်ကျောင်း ဒီးဒုတ်ခင်ကျောင်း ကျေးရွာကြားထဲတွင် ကျွန်တော်တို့နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးသေစာရင်းကတော့ ခန့် မှန်း ခြေ ၆ ဦး သေဆုံးတယ်လို့ သိရတယ်။ စစ်ခွေးဘက် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိတယ်လို့ သိရတယ်။ စစ်ခွေးဘက် လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုး မရှိပါဘူး”ဟု နတ်မောက်ဂဠုန် PDF အဖွဲ့မှ ဗိုလ်အောင်ဒင်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော် ၉၀၃ တပ်ရင်းနှင့် ဝက်လက်မြို့နယ် နန်းတတ်မင်းတော်လှန်ရေးအင်အားစု၊ နေပြည်တော်၈၀၃ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

အလားတူ ဧပြီလ ၄ ရက်နေ့ကလည်း နတ်မောက်မြို့နယ် ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကျောက်မိုးကျေးရွာနှင့် လျော်ချောင်းကျေးရွာ အကြားတွင် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး စစ်တပ်က နေပြည်တော်တပ်ရင်း ၉၀၃ တပ်စခန်းကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article