27 C
Yangon

ရေးမြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၆

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်ရာ ဗိုလ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း Mon State Revolutionary Force – MSRF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ရေးမြို့နယ်၊ ရင်းဒိန်ကျေးရွာနှင့် ရင်းရယ်ကျေးရွာ အကြား၌ ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၅ ရက်နေ့ ည ၉ နာရီ ၂၅ မိနစ်ခန့်တွင် ခေါ်ဇာမြို့ အခြေစိုက် အမှတ် ၃၁ ခြေလျင်တပ်ရင်း ခလရ-၃၁ ၏ ကာကင်းစခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ကင်းလှည့်လာတဲ့ စစ်ခွေးတွေကို တိုက်ခိုက်တာက ဗိုလ် ၁ ကောင် အပါအဝင် ၃ ကောင်သေဆုံးပါတယ်။ စစ်ခွေး ကာကင်းစခန်းကို တိုက်ခိုက်တာကတော့ သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘူး။ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Mon State Revolutionary Force – MSRF မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ညီနောင်တပ်ဖွဲ့ဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် နည်းဗျူဟာ ၃၃ ကွပ်ကဲမှုအောက်ရှိ ကံပေါက် ပြည်သူ့ကာကွယ်ရေးတပ်ရင်း/အမှတ် (၈၀၀၂) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article