30 C
Yangon

ပုလောနှင့် ဘီးလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်များ မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၇

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ချက် ထုတ်ပြန်ထားသည်။

ဧပြီလ ၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပုလောမြို့နယ်၊ ပြည်ခြားကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၈၀ အ‌မြောက်တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ ပြည်သူ ၂ ဦး သေဆုံးကာ နေအိမ် ၃ လုံးလ်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Karen Peace Support Network က ထုတ်ပြန်ထားသည်။

ဧပြီလ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ တိုက်လေယာဉ် ၁ စီးသည် ဘီးလင်းမြို့နယ်၊ ဘုရားရော်ကျေးရွာအုပ်စု၊ လေးကေးကျေးရွာအတွင်းကို ပေါင် ၃၀၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့ကြောင်း၊ ယင်းနေ့တွင် တာပေါကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် Y-12 လေယာဉ်ကလည်း လေးကေးကျေးရွာအတွင်းကို ဗုံး ၆ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး ၃၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၃ လုံး ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ဧပြီလ ၄ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဘုရားရော်ကျေးရွာအုပ်စုရှိ ကျိုက်ထီးရိုးဘုရား ဓမ္မာရုံပေါ်ကို ဗုံး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေ့တွင် ဘုရားရော်ကျေးရွာအုပ်စုရှိ စစ်ဘေးရှောင် ပြည်သူများ ခိုလှုံရာ နေရာကို အကြမ်းဖက် စစ်တပ်က ဗုံး ၈ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ယာယီတဲများ ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article