30 C
Yangon

ရေဖြူတွင် ကာကင်းစခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်မှု အရာရှိများ အပါအဝင် စစ်သား ၅ ဦးသေဆုံး၊ ဆားလင်းကြီးတွင်လည်း စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၇

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ကာကင်းစခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ရာ အရာရှိများ အပါအဝင် စစ်သား ၅ ဦသေဆုံးခဲ့ကြောင်း Tavoy People Liberation Force – TPLF အဖွဲ့က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရေဖြူမြို့နယ်အတွင်းရှိ စစ်တပ်၏ ခမရ (၄၀၆) ၊ ခမရ (၄၀၇) ၊ အမတ (၃၀၄) တပ်ရင်းများနှင့် နဘုလယ်ဒေသ၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းလမ်းမ ပေါ်ရှိ ဒေါက်လောက်ကျေးရွာနှင့် ရန်ကင်းရွာ ဆက်သွယ်ထားသော ကင်းတံတားရှိ စစ်တပ် ကာကင်းစခန်း ၂ ခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက် တိုက်ခိုက်ပြီးနောက် ယင်းနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ကာ မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်လည်း အဆိုပါ ကာကင်းစခန်း၂ ခုအနီး အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ပုတောက်ကုန်းကျေးရွာ အရောက်တွင် ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက် ပွဲဖြစ်ပွားနေစဉ် အကြမ်းဖက်စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် စစ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရကာ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းပိုက်ရရှိခဲ့ကြောင်းသိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး(DDPDF)၊ အမှတ်(၈၀၀၂)တပ်ရင်း – ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ထားဝယ်ခရိုင် အမှတ်(၈၀၀၃) တပ်ရင်း၊ ဗထူးတပ်မတော်၊ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ ကျောင်းသားတော်လှန်ရေးတပ်(SRF)၊ သံမဏိလိပ်ပြာတပ်ဖွဲ့၊ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ DNU၊ ချိုးဖြူပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – (DEF)နှင့် Aဒင်မှူးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Black Shadow -PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၆ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော စစ်တပ် စစ်ကြောင်းသည် တယ်ပင်ကန်ကျေးရွာမှ အနောက်ဘက်ကို ထွက်ခွာလာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ရှေ့ထွက်မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ခွေး သေစာရင်းကတော့ အတိအကျ မသိရသေးဘူး။ စစ်ခွေးဘက်က ထိခိုက်သေဆုံးမှုကတော့ ရှိတယ်လို့သိရတယ်။ အဲစစ်ခွေး စစ်ကြောင်းကတော့ ယင်းမာပင်မြို့ထဲကို ပြန်လည် ဝင်ရောက်သွားတယ်” ဟု Black Shadow -PDF အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ်- ၃၀- ADPRA တပ်ခွဲ့ ၂ Black Shadiw PDF၊ မဲမှောင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ Black Vot Firhter ပြည်သူကာကွယ်ရေးအဖွဲ့ ၊ BDFတပ်ဖွဲ့နှင့်နယ်စီးမခြားဇာမနီပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article