36 C
Yangon

ခင်ဦးမြို့နယ်တွင် စစ်တပ်ဘက်မှ တပ်သား ၁ ဦး သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူ ဆောင် အလင်းဝင်

Must read

ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ကာ ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၇ ရက်နေ့တွင် ခင်ဦးမြို့နယ်ရှိ အခြေခံပညာအထက် တန်းကျောင်းတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသည် ခင်ဦးမြို့နယ် ပကဖ (UG အဖွဲ့) နှင့် ချိတ်ဆက်၍ အလင်းဝင်ရောက်လာခဲ့ကြောင်း၊ ထိုအလင်းဝင်ရောက်လာသော စစ်ကောင်စီ တပ်သားသည် MA-1 သေနတ် ၁ လက်နှင့်အတူ ပြည်သူ့ဘက်တော်သားအဖြစ် ခံယူကာ အလင်းဝင်ရောက်လာမှုကို မြို့နယ် ပကဖ က လက်ခံခဲ့ကြောင်းသိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့သူက မြို့နယ် မြို့ပေါ်UGအဖွဲ့နဲ့ ချိတ်ဆက်ခဲ့တာပါ။ ရိုးရိုး တပ်သားပါ။ စစ်မှုထမ်းတပ်သား မဟုတ်ဘူး။ အလင်းဝင်ရောက်လာတဲ့သူကို ဂုဏ်ပြုဆုငွေ ငွေကျပ် ၂၅ သိန်းကို ချီးမြှင့်ထားပါတယ်”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ မှ တာဝန်ရှိသူကပြောဆိုသည်။

ထိုလက်နက်အပ်နှံ၍ အလင်းဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားကို ခင်ဦးမြို့နယ် ပကဖ မှ ငွေကျပ် ၂၅ သိန်းကျပ်ကို ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။

ယခုနှစ် မတ်လအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဘက်မှ စစ်သုံ့ပန်း ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အလင်းဝင်ပူပေါင်းလmonfh စစ်သား နှင့် ရဲ ၁၉ ဦး ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှ ၂၀၂၆ ခုနှစ် မတ်လအထိ အလင်းဝင်ပူးပေါင်းလာသူ၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၉၉၂ ဦးအထိ ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article