30 C
Yangon

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးရှေ့တွင် စစ်အုပ်စု၏ အတုအယောင် သမ္မတ တင်မြှောက်မှုကို ကန့်ကွက် ရှုတ်ချကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်

Must read

ရန်ကုန်၊ ဧပြီ ၈

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးရှေ့တွင် အကြမ်းဖက် မြန်မာစစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲဖြင့် အရေခွံခြုံ အရပ်သားအစိုးရ အသွင်သဏ္ဌာန်ဖန်တီးကာ စစ်အစိုးရ အာဏာတည်မြဲရေး ကြိုးပမ်းမှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည့် သတင်းစာရှင်းလင်းပွဲကို ဧပြီလ ၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

​အဆိုပါ သတင်းစာရှင်းလင်းပွဲကို ကိုရီးယားအရပ်ဘက် အဖွဲ့အစည်းများက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး မြန်မာ့ တော်လှန်ရေးအင်အားစုများမှ တာဝန်ခံများလည်း ပူးပေါင်းပါဝင်ခဲ့ပြီး ၁၅ ဦးဝန်းကျင် တက်ရောက်ခဲ့ကြောင်း၊ မြန်မာစစ်အုပ်စု၏ တရားမဝင်သော လုပ်ရပ်များအား ကိုရီးယားအစိုးရ၊ ကိုရီးယားပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းက သိရှိစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

​”မင်းအောင်လှိုင်သည် စစ်ရာဇဝတ်ကောင်သာ ဖြစ်သည်” ဟု ကြေညာချက်တွင် ပါရှိပြီး ​သတင်းစာရှင်းလင်းပွဲ၏ အဓိက ခေါင်းစဉ်မှာ “မြန်မာစစ်အုပ်စု၏ အတုအယောင် သမ္မတတင်မြှောက်ခြင်းကို ဆန့်ကျင်ကန့်ကွက် ရှုတ်ချခြင်း” ဖြစ်ကြောင်း၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြည်သူလူထု ရွေးချယ်တင်မြောက်သည့် သမ္မတမဟုတ်ဘဲ စစ်ရာဇဝတ်ကောင်သာဖြစ်ကြောင်း၊ စစ်ကောင်စီကို အသိအမှတ်မပြုရန် ကိုရီးယားအစိုးရထံ ဆက်လက်တောင်းဆိုသွားရန် နှင့် ဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်ရန် စီစဥ်ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article