30 C
Yangon

ချင်းပြည်၊ ဖလမ်းမြို့၊ သိုင်းငင်းကျေးရွာတွင် စခန်းချထားသော စစ်တပ်အတွင်း အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီး အောင်မင်းဦးနှင့်ရဲဘော် ၁ ဦးတို့ သေဆုံး၊ ကလေးမြို့သို့ အလောင်းများ ပြန်ယူလာပြီး ယနေ့ နာရေးသဂြိုလ်

Must read

ရန်ကုန်၊ ဧပြီ ၉

ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ စစ်ကြောင်းထိုးနေသော စစ်တပ်စစ်ကြောင်းတစ်ခုက သိုင်းငင်းကျေးရွာတွင် စခန်းချစဉ် အချင်း ချင်း ပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီး အောင်မင်းဦးနှင့်ရဲဘော် ၁ ဦးတို့ သေဆုံးသွားကြောင်း ကလေးဒေသသတင်းရင်းမြစ်သော ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အချင်းချင်းပြန်လည် ပစ်ခတ်မှုကြောင့် အမှတ် ၈၉ ခြေလျင်တပ်ရင်း (ခလရ -၈၉ ) မှ ဗိုလ်ကြီး အောင်မင်းဦး၊ စစ်အင်ဂျင်နီယာတပ်ရင်း (BE) ရဲဘော်တစ်ဦးတို့ သေဆုံးသွားခဲ့ပြီး သိုင်းငင်းကျေးရွာမှ အလောင်း ၂ ခုလုံးကို ယမန်နေ့ ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် သယ်ယူလာကြောင်း၊ အလောင်း ၂ ခုကို ယမန်နေ့ နံနက်ပိုင်း ၉ နာရီ ၄၂ မိနစ် အချိန် ကလေးမြို့၊ ကုတင် ၁၀၀ ဆံ့စစ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

ယနေ့ မွန်းလွဲ ၁ နာရီ ၃၃ မိနစ်အချိန် သေဆုံးသွားသွားသော ဗိုလ်ကြီးအောင်မင်ဦးနှင့် ရဲဘော်တို့၏ ရုပ်လောင်းများကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) မှ ထွက်ခွာလာသည့် ကားတန်းဖြင့် လာရောက်တင်ဆောင်သွားခဲ့ပြီး ယင်းရုပ်အလောင်းများကို အသုဘအခမ်းအနားပြုလုပ်မည့် ကလေးမြို့ရှိ ခလရ ၂၂၈ တပ်ဝင်းအတွင်းသို့ သယ်ဆောင်သွားသဂြိုလ်လိုက်ကြောင်း သိရှိရသည်။

“သေတဲ့ဗိုလ်ကြီးကိုလည်း ဒီနေ့ မွန်းလွဲပိုင်းမှာ အသုဘချသွားပါတယ်။ စစ်ကားတွေရော အိမ်စီးကားတွေရော အများကြီးပဲလိုက်ပို့ကြတာ။ ဒကစကနေ ကားတန်းထွက်တယ်။ ကလေးမြို့ ဗိုလ်ချုပ်လမ်းအတိုင်း နာရေးပို့ကြတာ” ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ကလေးမြို့မှ ချင်းပြည်နယ်အတွင်းသို့ တောက်လျှောက် စစ် ကြောင်းထိုးနေသော်လည်း ချင်းတော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် အထိနာက စစ်ကြောင်းများ မကြာခဏ ပြန် လည် ဆုတ်ခွာနေရပြီး စစ်သားသေဆုံးမှုများ အလွန်များပြားကြောင်း ကလေးမြို့ အခြေစိုက် သတင်းရင်းမြစ်များ၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်မှ တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်ဗိုလ် ၁ ဦး၏ နာရေးပြင်ဆင်ထားမှု။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article