30 C
Yangon

မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ စစ်ကိုင်းမြို့ တပ်မ ၃၃ ကို လူအင်အားပို့ဆောင်ရန် ထွက်လာသည့် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ စစ်ကိုင်းမြို့ တပ်မ ၃၃ ကို လူအင်အားပို့ဆောင်ရန် ထွက်လာသည့် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Area71Local People Defense Force Monywa မှ တာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ အကြမ်း စစ်သားများ တင်ဆောင်လာသော သံပြားကာကား ၈ စီးပါ ယာဉ်တန်းသည် မုံရွာ-ချောင်းဦး လမ်းပိုင်းကို ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက လမ်းပိုင်း တနေရာ၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းထိမှန်ခဲ့သော စစ်ကားသည် ခေတ္တထိုးရပ်သွားစဉ် ကားပေါ်ပါလာသော စစ်သားများနှင့် လမ်းကင်းယူထားသော စစ်သားများက လက်နက်ငယ်များဖြင့် လမ်းဘေးဝဲယာကို ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အဲတိုက်ခိုက်မှုက စစ်ခွေး ကားတန်းမှာပါလာတဲ့ ယာဉ်မောင်း ၁ ကောင်သေတယ်။ ၈ ကောင် ဒဏ်ရာရတယ်။ ပြည်သူတွေ အနေနဲ့ ခရီးသွားလာသည့် အချိန်အတိုင်းအတာတွင်း စစ်တပ် ကားတန်းများနှင့် ပူတွဲလိုက်ပါတာတွေ မပြုလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု Area71Local People Defense Force Monywa မှ တာဝန်ခံ ကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Area71LPDF Monywa နှင့် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေး မိုင်းတပ်ဖွဲ့ ၊ တောကျွဲကြီး ပြောက်ကြားတပ်ဖွဲ့ တို့က အတူပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article