ရန်ကုန်၊ ဧပြီ ၁၀
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) က ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုလှုပ်ရှားမှုကို အာဏာသိမ်း စစ်တပ်၏ စစ်ကော်မရှင် အသွင်ပြောင်း အစိုးရအဖွဲ့ကို နိုင်ငံရေးအရ ဆန့်ကျင်သပိတ်မှောက်သည့် အနေဖြင့် “စစ်ကော်မရှင်ရဲ့ အတုအယောင်အစိုးရအဖွဲ့ အလိုမရှိ” ဆိုသော ခေါင်းစဥ်ဖြင့် ချီတက်လှုပ်ရှားခဲ့ကြောင်း၊ အာဆီယံအပါအဝင် နိုင်ငံတကာအနေဖြင့်လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော အတုအယောင်အစိုးရအဖွဲ့ကို အသိမှတ်မပြုကြရန် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက တိုက်တွန်းထားသည်။






