36 C
Yangon

မန္တလေးတိုင်းတွင် PDF တပ်ဖွဲ့ဝင်ဟောင်းများကို စစ်တပ်က စပိုင်အဖြစ် အသုံးချ ပစ်မှတ်ရှာဖွေခိုင်းကာ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေဟု ဖမ်းဆီးခံ တော်လှန်ရေးရဲဘော်ဟောင်း မင်းသူရ ဝန်ခံထွက်ဆို

Must read

ရန်ကုန်၊ ဧပြီ ၁၁

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) တပ်ဖွဲ့ဝင်ဟောင်းအချို့ကို စစ်ကောင်စီက ဖမ်းဆီးစည်းရုံးပြီးနောက် တော်လှန်ရေးနယ်မြေများအတွင်းသို့ စပိုင်အဖြစ် ပြန်လည်စေလွှတ်ကာ ပစ်မှတ်ရှာခိုင်းပြီး လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း MDY PDF က သတင်းထုတ်ပြန်သည်။

စစ်တပ်၏ ထောက်လှမ်းရေး ၁၆ သည် တော်လှန်ရေးရဲဘော်များကို စည်းရုံးခြင်း၊ ဖမ်းဆီးသိမ်းသွင်းခြင်း စသည့် နည်းမျိုးစုံဖြင့် တော်လှန်ရေးဘက်တော်သားများကို စည်းရုံးသိမ်း သွင်းနေခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်းစဉ်ကို ဗိုလ်မှူးအဆင့်ရှိသူ ဇော်ကြီး၊ ဗိုလ်ကြီးအဆင့်ရှိသူ ရခိုင်ကြီး နှင့် ဗိုလ်အဆင့်ရှိသူ ဓနု တို့က ဦးဆောင်နေပြီး၊ ၎င်းတို့နှင့်အတူ ဘက်ပြောင်းသွားသူ ကြိုးကြာ၊ ဘစော၊ ရဲသွေး၊ လင်းယုန် အပါအဝင် အခြားတပ်ဖွဲ့ဝင်ဟောင်းများကလည်း ပါဝင်ကူညီပေးနေကြသည်။

MDY PDF မှ ရဲဘော်မင်းသူရ (ခ)သိန်းမင်းသူသည် စစ်တပ်ထံသို့ ဘက်ကူးပြောင်းဝင်ရောက်သွားသူ ရဲဘော်ကြိုးကြာ၏ လိမ်လည်လှည့်ဖျားခေါ်ဆောင်ခံရပြီးနောက် ထောက် လှမ်းရေး ၁၆ အတွင်းရောက်ရှိသွားကြောင်း၊ ယင်းနောက် တော်လှန်ရေးနယ်မြေအတွင်းသို့ ပြန်လည် စေလွှတ်ကာ မန္တလေး တိုင်းအတွင်းရှိ လေကြောင်းတိုက်ခိုက်ရမည့်နေရာများကို ရှာဖွေပေးခဲ့ရကြောင်း သိရှိရသည်။

“ထောက်လှမ်းရေး ၁၆ ထဲရောက်တဲ့အချိန်မှာ ကျနော်တို့ကို မေးတယ်။ မင်းတို့ကဘယ်မှာတာဝန် ထမ်းဆောင်ခဲ့တာလဲ။ ပြီးရင် အဲဒီမှာဘာလက် နက်တွေသုံးလဲ၊ ကျနော်တို့ကို မင်းတို့ရင်း ဘယ်နား မှာထိုင်လဲ၊ အဲဒီလိုမေးတဲ့အချိန်မှာ ကျနော်တို့ မေးတဲ့အချိန်မှာ သေနတ်ထောက်ပြီးမေးတာ၊ သေ နတ်ထောက်ပြီးမေးတဲ့အချိန်မှာ ကြောက်ပြီး ဖြေခဲ့လိုက်တာ။ ပွိုင့်နေရာတွေမေးတဲ့အချိန်မှာ အ တင်းအကျပ်မေးလို့ ဖြေခဲ့လိုက်ရပါတယ်။ ကိုယ် မသေရင် ပြီးတော့ဆိုတဲ့အတွေးမျိုးနဲ့ဖြေခဲ့လိုက် တာတော့ မဟုတ်ပါဘူး။ မင်းတို့ရင်း ၁၀ မှာ ဘယ်သူအကြီးဆုံးလဲ။ မေးတဲ့အချိန်မှာ ဖြေခဲ့လိုက်ပါ တယ်။ ကျနော်တို့ကလိမ်လို့မရပါဘူး။ ကျနော်တို့ရှေ့မှာ ကြိုးကြာ ရောက်နေပြီးသားပါ။ ကျနော် တို့ ရင်းမှာ အကြီးဆုံးက ဘယ်သူလည်းဆိုတာ ကြိုးကြာက ပြောထားပြီးသားမို့ ကျနော်တို့က လိမ်ခွင့် မရှိပါဘူး။” ဟု စစ်တပ်က စပိုင်အဖြစ်ပြန်လည် စေလွှတ်ပြီးနောက် ဖမ်းဆီးခံလိုက်ရသူ ရဲဘော်မင်းသူရ (ခ) ဟိန်းမင်းသူက ပြောဆိုသည်။

စစ်တပ်က တော်လှန်ရေးရဲဘော်ဟောင်းများကို စပိုင်အဖြစ် ပြန်လည်အသုံးချရာတွင်

ငွေကြေးဖြင့် စည်းရုံးခြင်းနည်းလမ်းကို အဓိက အသုံးပြုကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ အချုပ်ခန်း၊ ဆေးရုံနှင့် တပ်ရင်းတည်နေရာ (Point) တစ်ခု ရှာပေးနိုင်လျှင် ငါးသောင်းမှ တစ်သိန်းကျော်အထိ ပေးချေကြောင်း သိရှိရသည်။

ယင်းအပြင် တော်လှန်ရေးရဲဘော်ဟောင်းများကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှုများလည်းရှိကြောင်း၊ ခိုင်းစေသည့်အတိုင်း မလုပ်ဆောင်ပါက ဖမ်းဆီးသတ်ဖြတ်မည်ဟု ခြိမ်းခြောက်ကြောင်း၊ လေယာဉ်ဖြင့် ဗုံးကျဲရန် ပစ်မှတ်ရှာမပေးနိုင်ပါက မြို့ပေါ်ရှိ မိသားစုဝင်များနေထိုင်ရာကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မည်ဟု စစ်တပ်က ခြိမ်းခြောက်ကြောင်း သိရှိရသည်။

စစ်တပ်၏ စပိုင်အဖြစ် ပြန်လည်စေလွှတ်စဉ် ဖမ်းဆီးခံလိုက်ရသူ တော်လှန်ရေးရဲဘော်ဟောင်း ရဲဘော်မင်းသူရ (ခ) သိန်းမင်းသူက “ကျနော်တို့ကို သေနတ်ထောက်ပြီး ပွိုင့်နေရာတွေ အတင်းအကျပ် မေးပါတယ်။ အလင်းဝင်ခိုင်းတယ်ဆိုတာထက် တပ်ဖွဲ့ဝင်ဟောင်းတွေကပဲ တပ်ဖွဲ့ဝင်အသစ်တွေကို လိမ်လည်ခေါ်ယူနေတာပါ။ ပွိုင့်တွေရှာပေးနိုင်ရင် စလော့ဆော့ဖို့ ပိုက်ဆံပေးတာ၊ ဖုန်းဝယ်ပေးတာမျိုးတွေနဲ့ စည်းရုံးထားတာရှိသလို၊ မလုပ်ပေးရင် မိသားစုကို လေနဲ့ကျဲသတ်မယ်ဆိုပြီးတော့လည်း ခြိမ်းခြောက်ခံရပါတယ်” ဟု ဆိုသည်။

၂၀၂၅ ခုနှစ် ဇွန်လအတွင်းကလည်း အလားတူ နယ်မြေထောက်လှမ်းရန် စေလွှတ်ခံရသည့် ရဲဘော်ဟောင်း ရဲဘော်မင်းသူရ (ခ) သိန်းမင်းသူကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်များမှတစ်ဆင့် စစ်ကောင်စီ၏ ထောက်လှမ်းရေးကွန်ယက်များကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် MDY PDF အထူးလှုပ်ရှားတပ်မအနေဖြင့် စစ်တပ်နှင့်ပူးပေါင်းနေသော တော်လှန်ရေးရဲဘော်ဟောင်းများကို အမှားပြင်ရန် တိုက်တွန်းကြောင်း၊ စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ပါဝင်ပတ်သက်နေရသူများအနေဖြင့် အမြန်ဆုံး ထွက်ခွာကြရန်၊

စစ်ကောင်စီ၏ ယန္တရားအတွင်း ဆက်လက်ပါဝင်နေသူမှန်သမျှကို အမည်ပျက်စာရင်းသွင်း၍ ပြတ်သားစွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေး ကြေညာထားသည်။

MDY PDFက တန်ပြန်ထောက်လှမ်းရေးကိုလည်း လုပ်ဆောင်နေပြီး မိမိတို့၏ ထောက် လှမ်းရေးကွန်ယက်ကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ကျက်ထားပြီး စစ်ကောင်စီ၏ တန်ပြန်ထောက် လှမ်းမှုများကို ကာကွယ်ရန် အစဥ်တစိုက် ကြိုးစားနေကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article