36 C
Yangon

ချောက်မြို့နယ် ကုန်းကြီးပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီး ၃ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ဧပြီ ၁၁

မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ ကုန်းကြီးပျူစောထီးကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ် ဖွဲ့များက လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း မကွေးခရိုင်တပ်ရင်း ၃ မှ တပ်ရင်း မှူးအာကြီးက ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မကွေးခရိုင် အမှတ် ၃ တပ်ရင်း (CRA) နှင့် အမှတ် ၁ တပ်ရင်းတို့ ပူးပေါင်းကာ ကုန်းကြီးကျေးရွာကို ဒရုန်းဗုံးသီးများ၊ လက်နက်ကြီး၊ လက်ငယ်များဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေစဉ် တော်လှန်ရေးရှေ့ပြေးတပ်ဖွဲ့များသည် ရွာအတွင်းသို့ ကြိုတင်နေရာယူနိုင်ခဲ့ပြီး ကင်းပတ်နေသည့် ပျူစောထီး ၃ ဦးကို အနီးကပ် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီးကျေး ရွာတောင်ဘက်ရှိ ရန်သူ့ခြေကုတ်စခန်း (ရှေ့ကာကင်းပွိုင့်) တစ်ခုကိုလည်း အောင် မြင်စွာ စီးနင်းသိမ်းပိုက်နိုင်ခဲ့သည်။

၂ နာရီနီးပါး ကြာမြင့်ခဲ့သော အဆိုပါတိုက်ပွဲအတွင်း ကုန်းကြီးရွာခံ ပျူစောထီးများဖြစ်သည့် အောင်ကျော်စိုး၊ သန်းကြိုင် နှင့် ဆန်းမင်းဦး တို့ ၃ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ သေဆုံးသွားသော ပျူစောထီးများထံမှ သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့သည်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန် ရေးတပ်ဖွဲ့များသည် ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ စစ်ရေးအသာစီး ရရှိခဲ့သော်လည်း၊ လက်ကျန်ပျူစောထီးများကို လိုက်လံချေမှုန်းချိန်တွင် ရန်သူနှင့် ပြည်သူများ ရောထွေးနေသည့်အတွက် စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင်သော ပြည်သူများ ထိခိုက်မှုမရှိစေရန် တပ်ပြန်ဆုတ်ခဲ့ရကြောင်း တပ်ရင်းမှူးအာကြီးက ရှင်းပြသည်။

“ချောက်မြို့နယ် ကုန်းကြီးပျူရွာစောထီးရွာက အင်အားက ၃၀ဝန်းကျင်ရှိတယ်။ စစ်ခွေးသေစာရင်း ထပ်တိုးသေဆုံးတာမျိုး လက်ရှိတော့ မသိရှိရသေးပါဘူး။ ကုန်းကြီးကျေးရွာခံပျူစောထီး အောင်ကျော်စိုး ၊ သန်းကြိုင်၊ ဆန်းမင်းဦးတို့ကနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်”ဟု မကွေးခရိုင်တပ်ရင်း၃ မှ တပ်ရင်းမှူးအာကြီးက ပြောဆိုသည်။

လက်ရှိတွင် မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များသည် အာဏာရှင်အမြစ်ဖြတ် တိုက်ပွဲများကို အရှိန်မြှင့်တင် ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article