35 C
Yangon

မင်းတပ်မြို့ပေါ်ကို စစ်တပ်က တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်၊ အစိုးရရုံးများနှင့် အဆောက်အဦများ မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၁၂

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ နေရာအနှံ့အပြားကို ယမန်နေ့ည ၁၀ နာရီဝန်းကျင်အချိန် စစ်တပ်က တိုက်လေယာဉ် ၃ စီးအသုံးပြုကာ မီးလောင်ဗုံးများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ချင်းပြည်နယ်အခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုတွင် စစ်တပ်က တံတားဦးလေတပ်စခန်းမှ တိုက်လေယာဉ် ၂ စီးနှင့် မကွေးလေတပ်စခန်းမှ တိုက်လေယာဉ် ၁ စီး၊ စုစုပေါင်း ၃ စီးကို အသုံးပြုခဲ့သည်။ မင်းတပ်မြို့ပေါ်သို့ ဂျက်ဖိုက်တာများဖြင့် မီးလောင်ဗုံး ၇ လုံးခန့် ကျဲချခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင် မြေပြင်၌ တိုက်ပွဲဖြစ်ပွားနေခြင်းမျိုး မရှိကြောင်း သိရသည်။

ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် မြို့ပေါ်ရှိ အစိုးရရုံးများနှင့် အဆောက်အဦအချို့ မီးလောင်ကျွမ်းခဲ့ပြီး မင်းတပ်မြို့ပြင်နေရာအနှံ့တွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်း သိရှိရသည်။

“မင်းတပ်မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေ မီးလောင်ကုန်တယ်။ ကားတွေရောပဲ။ တိုက်ပွဲဖြစ်တာမရှိဘူးလို့ ပြောတယ်။ သေဆုံးထိခိုက်မှုနဲ့ ပျက်စီးဆုံးရှုံးမှုတော့ အခုထက်ထိ အတိအကျ မသိရသေးဘူး” ဟု ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ညအချိန်ဖြစ်သည့်အပြင် မြို့အတွင်းနှင့်မြို့အပြင် မီးလောင်မှုများရှိနေသဖြင့် လူထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်နေကြာင်း၊ ထို့အပြင် ယမန်နေ့ တစ်နေ့လုံး မင်းတပ်မြို့နယ်အတွင်း၌ ဖုန်းလိုင်းများလည်း ပြတ်တောက်နေခဲ့ကြောင်း သိရသည်။

မတ်လ ၃၁ ရက်နေ့ကလည်း မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်ရှိ ကျေးလက်ရုံးကို စစ်တပ်က လေ ကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် အဆောက်အဦများ ပျက်စီးကာ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article