30 C
Yangon

တရုတ်က မြန်မာ့ ကုန်းတွင်းရေနံမြေဖြစ်သော မင်းဘူးမြို့နယ်ရှိ ထောက်ရှာပင်-ကမ်းနီရေနံမြေတွင် ရေနံစိမ်းတိုးမြှင့် ထုတ်လုပ်ရန် စစ်တပ်နှင့်စာချုပ်ချုပ်

Must read

ရန်ကုန်၊ ဧပြီ ၁၂

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ ထောက်ရှာပင်-ကမ်းနီ ရေနံမြေတွင် တရုတ်နိုင်ငံမှ North Petro-Chem Corporation (Myanmar) Limited က ရေနံစိမ်းတိုးမြှင့်ထုတ်လုပ်ရန် အကြမ်းဖက် စစ်တပ်နှင့် စာချုပ်ချုပ်ဆိုလိုက်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ နေပြည်တော်ရှိ Park Royal Hotel တွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံအခြေစိုက် North Petro-Chem Corporation (Myanmar) Limited တို့အကြား ရေနံတိုးတက်ထုတ်ယူရရှိရေး စာချုပ် (Improved Petroleum Recovery Contract) ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ လျှပ်စစ်စွမ်းအင်ဝန်ကြီး ကိုကိုလွင်က ၎င်းတို့၏ အစိုးရအဖွဲ့သစ် လက်ထက်တွင် နိုင်ငံတော်အတွက် လိုအပ်နေသော ရေနံစိမ်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ယခုကဲ့သို့ စာချုပ်ချုပ်ဆိုနိုင်ခြင်းကို ဂုဏ်ယူကြောင်း ပြောဆိုသည်။

ထောက်ရှာပင်-ကမ်းနီ ရေနံမြေသည် သက်တမ်း ၅၀ ခန့်ရှိပြီဖြစ်သည့် သက်တမ်းရင့် ရေနံမြေဖြစ်သောကြောင့် အထွက်နှုန်းတိုးလာစေရန် ခေတ်မီနည်းပညာနှင့် စက်ပစ္စည်းများ အသုံး ပြုနိုင်မည့် အဆိုပါတရုတ်ကုမ္ပဏီကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း အကြမ်းဖက်စစ်တပ်ခန့် ဝန်ကြီးကိုကိုလွင်က ရှင်းလင်းပြောကြားသည်။

ထို့အပြင် ပြည်တွင်း၌ စက်သုံးဆီ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ ဝယ်ယူတင်သွင်းနေရသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ ထွက်ရှိလာသည့် ရေနံစိမ်းများကို ကိုယ်တိုင်ချက်လုပ်နိုင်ရန် ရေနံချက်စက်ရုံအသစ်များ တည်ဆောက်ရန် စီမံနေသကဲ့သို့ ၁၉၈၂ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သည့် သံပရာကန် ရေနံချက်စက်ရုံကိုလည်း အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

၎င်းပြင် ရေနံလက်ယက်တွင်းများကို ပိတ်သိမ်းစေပြီး ပြည်တွင်းလုပ်ငန်းရှင် ၃၆ ခုကို နည်း စနစ်ကျတွင်း (Standard Well) များ တူးဖော်ရန် ခွင့်ပြုပေးခဲ့ကြောင်း ကိုကိုလွင်က ထည့်သွင်းပြောကြားသည်။

တရုတ်ဘက်မှ North Petro-Chem Corporation (Myanmar) Limited ဥက္ကဋ္ဌကလည်း စာချုပ်ပါ ကတိ ကဝတ်များအတိုင်း ရလဒ်ကောင်းများ အမြန်ဆုံး ပေါ်ထွက်လာစေရန် ကြိုးပမ်းသွားမည်ဟု ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article