26.8 C
Yangon

စလင်းနှင့် ကျောမြို့တို့တွင် စစ်တပ်နှင့် ပျူစောထီးများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၉

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၁) သို့ သွယ်တန်းထားသော တညောင်လျှပ်စစ်ဓာတ်အားခွဲလိုင်းမှ မီးတိုင်များကို ပြန်လည်ပြင်ဆင်ရန် ထွက်လာသည့် စစ်ကောင်စီတပ်စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း စလင်းမြို့နယ်မှ တော် လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

စလင်းမြို့နယ်၊ တော်လှန်ရေးတပ်ဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံ ဒဿ (စွယ်စုံ) ၏ ပြောကြားချက်အရ ဇွန်လ ၈ ရက်နေ့တွင် စလင်းမြို့နယ် ကပစ ၂၁ သို့ သွယ်တန်းထားသည့် တညောင်လျှပ်စစ် ဓာတ်အားခွဲလိုင်းမှ လဲပြိုနေသော မီးတိုင်များနှင့် ပြတ်တောက်နေသော မီးကြိုးများကို ပြန်လည်ပြင်ဆင်ရန် ထွက်လာသော အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်သော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်သေးဟု သိရှိရသည်။

စလင်းမြို့နယ် တညောင်ဓာတ်အားခွဲရုံမှ ဆည်ဆွဲရွာသို့ ရောက်ရှိခဲ့သော အဆိုပါစစ်တပ် စစ်ကြောင်းသည် ယမန်နေ့ နံနက်ပိုင်း ဆည်ဆွဲရွာမှ မန်းကျီးစင်ရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ မွန်းလွဲပိုင်းတွင် တညောင်ရွာသို့ ပြန်လည်ရောက်ရှိကာ ယနေ့ လက်ရှိအချိန်အထိ တညောင်ရွာအတွင်း၌ တပ်စွဲထားဆဲဖြစ်ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ကျောမြို့တွင်လည်း ဇွန်လ ၆ ရက်နေ့က ကျောမြို့ရဲစခန်းအနီးရှိ စာသင် ကျောင်းရှေ့ဂိတ်၌ စောင့်နေသော ပျူစောထီးများကို တော်လှန်ရေးတပ်ဖွဲ့များက စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း ကျောမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။

အဆိုပါပတိုက်ခိုက်မှုအတွင်း ပျူစောထီး ၁ ဦး သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ၆၀ မမ လက် နက်ကြီး၊ ဒရုန်းဗုံးသီးများနှင့် လက်နက်ငယ်များဖြင့် ရမ်းသမ်းပြန်လည်ပစ်ခတ်ခဲ့ကာ ထိုသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် Grade-11 ကျောင်းသား ၁ ဦးနှင့် ဒေသခံပြည်သူ ၁ ဦးတို့၏ ခြေထောက်များတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ကျောမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ နေထိုင်ရာ အနီးပတ်ဝန်းကျင်များတွင် ပြည်သူလူထုအနေဖြင့် သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article