26.4 C
Yangon

အာဆီယံထိပ်သီးအစည်းအဝေးသို့ သမ္မတအဖြစ် တက်ရောက်ရန် ဆန္ဒပြင်းပြနေသော မင်းအောင်လှိုင်က လာအိုနိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော်သို့ ဖိတ်ကြားပြန်

Must read

ရန်ကုန်၊ ဇွန် ၉

အာဆီယံထိပ်သီးအစည်းအဝေးသို့ သမ္မတအဖြစ် တက်ရောက်ရန် ဆန္ဒပြင်းပြနေသော အကြမ်းဖက် မင်းအောင် လှိုင်က လာအိုနိုင်ငံခြားရေးဝန်ကြီးကိုလည်း နေပြည်တော်သို့ လာရောက် ဖိတ်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် လာအိုမှ လာသောသတင်းများအရ သိရှိရသည်။

လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး သောင်ဆာဗန် ဖွန်ဗီဟန် (Thongsavanh Phomvihane)သည် ဇွန်လ ၁၂ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ နေပြည်တော်သို့ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း စစ်ခေါင်းဆောင် မင်းအောင် လှိုင်၊ စစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။

“ရက် ၁၀၀ စီမံချက်အတွင်းမှာ အာဆီယံနိုင်ငံတွေအားလုံးနဲ့ ဆက်ဆံရေး ပြန်လည် ထူထောင်ဖို့အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအားလုံးကို နေပြည်တော်ကို ဖိတ်ကြားနေတာပါ။ ဒီဖိတ်ကြားမှုက မြန်မာနိုင်ငံအနေနဲ့ အာဆီယံအသိုက်အ၀ိုင်းထဲ ပြန်ရောက်ဖို့ အထောက်အကူဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ်။ နိုင်ငံ့ ကိုယ်စားပြု ခေါင်းဆောင်တွေ အာဆီယံထိပ်သီးအစည်းအဝေးကို မကြာမီမှာ ပြန်လည် တက်ခွင့်ရမယ်လို့လည်း မျှော်လင့်ချက်ရှိနေတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ဧပြီလ ၁၀ ရက်နေ့ အတင်းအကျပ် သမ္မတရာထူးကို ရယူပြီးနောက် ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ကို နေပြည်တော်သို့ ဖိတ် ကြားခဲ့ပြီးဖြစ်သည်။

လတ်တလော အာဆီယံက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့အရေး ဖြေရှင်းရေး ချမှတ်ထားသော အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်သည့်အတွက် စစ်ခေါင်းဆောင်များကို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article