26 C
Yangon

KNU တပ်မဟာ ၅ နယ်မြေသို့ ကျူးကျော်လာသော စစ်ကားစီးရေ ၂၀ ကျော်ပျက်စီး

Must read

ရန်ကုန်၊ မတ် ၃

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်အတွင်းသို့ တပ်မဟာ ၃ နယ်မြေမှ တဆင့် ကျူးကျော်ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် ရိက္ခာတင်ကားများ၊ လမ်းဖောက်လုပ်သည့် ကားအစီးရေ ၂၀ ကျော်ခန့်ကို KNLA နှင့် KNDO တပ်ဖွဲ့များက တိုက်ခိုက်ဖျက်ဆီးလိုက်ကြောင်း ကရင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယခု ဓါတ်ပုံမှတ်တမ်းများသည် KNLA/KNDO တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်လို့ တရက်အတွင်း စစ်ကား ၆ စီး ပျက်စီးခဲ့သည်ဟု ဆိုထားပြီး တိုက်ခိုက်ခဲ့သည့် နေရာနှင့် အချိန်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ခိုက်သည့် ဖြစ်စဉ်များကို တိတိကျကျ မသိရှိရသေးကြောင်း KNU တပ်မဟာ ၅ မှ ပဒိုမန်မန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီယာဉ်များကို တိုက်ခိုက်သည့်ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးက တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article