32 C
Yangon

ကျောက်ပန်းတောင်း၊ ပွေးကျစ်ရဲစခန်းကို PDF က ဝင်ရောက် တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံးပြီး လက်နက် ၈ လက် သိမ်းဆည်းရမိ ၊ မိုးကုတ်မြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ရဲ ၆ ဦးသေဆုံး

Must read

ကျောက်ပန်းတောင်း၊ ပွေးကျစ်ရဲစခန်းကို PDF က ဝင်ရောက် တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံးပြီး လက်နက် ၈ လက် သိမ်းဆည်းရမိ ၊ မိုးကုတ်မြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ရဲ ၆ ဦးသေဆုံး

ရန်ကုန်၊ မေ ၃

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို PDF တပ်ဖွဲဝင်များ ဝင်ရောက် တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မေလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ မြင်းခြံခရိုင်၊ တပ်ရင်း ၃ နှင့်ပူးပေါင်းအဖွဲ့များက ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ ပြန်လည် ပစ်ခတ်နိုင်ခြင်းမရှိဘဲ ရဲ ၂ ဦး သေဆုံးကာ ရဲတပ်ကြပ်ကြီး ၁ ဦး ထိခိုက် ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

ပွေးကျစ်ရဲစခန်းတွင် ရဲ ၁၃ ဦးခန့်သာ ရှိပြီး ၈ ဦးသည် တရားရုံး သွားရောက်နေချိန် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်း အတွင်းရှိ ရန်သူ့မိသားစုဝင် အမျိုးသမီးနှင့် ကလေးများကို လွှတ်ပေးခဲ့ကြောင်းသိရသည်။

ယင်း ပွေးကျစ်ရဲစခန်းကို PDF တပ်ဖွဲ့များက မီးရှို့ ဖျက်ဆီးခဲ့ပြီး လက်နက်တိုက်ဖွင့်ကာ G-4 ၁ လက်၊ G-3 ၂ လက်၊ အူစီ ၁ လက်၊ ခြောက်လုံးပူး ၄ လက်၊ လက်ပစ်ဗုံး ၈ လုံး၊ ရုံးသုံး Laptop ၁ လုံး၊ ကျင်စက် ၂ ခု၊ လက်ထိတ် ၁ ခုနှင့် ကျည် ၉၃၅ တောင့်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ပွေးကျစ်ရဲစခန်း ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃၊ ညောင်ဦး PDF၊ ကျောက်ပန်းတောင်း PDF၊ ဒီပဲရင်း PDFနှင့် Burmese Guerrilla Force တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတိုင်း၊ မိုးကုတ်မြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲ ၆ ဦးသေဆုံးခဲ့ကြောင်း မိုးမိတ်ခရိုင် (K-PDF) တပ်ဖွဲ့ထံမှ သိရသည်။

ဧပြီလ ၂၅ ရက်နေ့ နံနက် ၄ နာရီ ၃၅ မိနစ်အချိန်တွင် အဆိုပါ ရဲစခန်းအား ကချင်လွတ်မြောက်ရေး တပ်မ တော် (K.I.A.)အမှတ် (၃၄)တပ်ရင်းနှင့် မိုးမိတ်ခရိုင်(K-PDF)တပ်ရင်း ပူးပေါင်းပြီး ဝင်ရောက်တိုက် ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့်အကြာ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲ ၆ ဦးသေဆုံးကာ အများအပြားဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း မိုးမိတ်ခရိုင်KPDFတပ်ရင်းက ပြောဆိုထားသည်။

ဓာတ်ပုံ- ကျောက်ပန်းတောင်း၊ ပွေးကျစ်ရဲစခန်းမှ ရရှိသည့်လက်နက်ခဲယမ်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article