29 C
Yangon

ခင်ဦး-ရေးဦး လမ်းပိုင်းတွင် စစ်သား ၂ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရမိ

Must read

ခင်ဦး-ရေးဦး လမ်းပိုင်းတွင် စစ်သား ၂ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရမိ

ရန်ကုန်၊ မေ ၁၀

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦး-ရေးဦး လမ်းပိုင်းတွင် စစ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရမိခဲ့ကြောင်း ခင်ဦးမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် ခင်ဦးမြို့နယ်၊ မူးတိမ်ချောင်း တံတား၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ စစ်သား ၂ ဦးသည် ခင်ဦး-ရေးဦး ကားလမ်းပေါ်သို့ ရောက်ရှိလာစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၂ ဦးလုံး သေဆုံးကာ MA 1- ၁ လက်၊ AK 47- ၁ လက်၊ 5.56 ကျည် – ၁၅ တောင့်၊ ကျည်ဘောက် ၃ ဘောက်တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ခင်ဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (မြို့နယ် ပကဖ) နှင့် နယ်မြေခံ ကာကွယ်ရေးအဖွဲ့ (LDF) များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ထိတွေ့ ပစ်ခန်မှုသည့် ၃ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထိခိုက်မှုခမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ခင်ဦး မြို့နယ် ပကဖ အဖွဲ့သည် ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့ကလည်း ရေဦးမှ စစ်သား ၁၄ ဦး လိုက်ပါသည့် Skat ကားကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ခင်ဦးမြို့ပေါ် မြို့လယ်၌ နယ်ထိန်း ခေါင်းဆောင် ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး G3 လက်နက်ပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article