ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံး
ရန်ကုန်၊ မေ ၁၁
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ကျေးရွာရှိ နယ်မြေရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ် သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း M7 People’s Defense Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ မေလ ၁၀ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်မှ ည ၁၂ နာရီခန့်အထိ ပုလဲမြို့နယ်၊ မုံရွာ-ပုလဲ-ဂန့်ဂေါ လမ်းမပေါ်ရှိ အကြမ်းဖက်စစ်သား အင်အား ၇၀ ခန့်ဖြင့်တပ်စွဲထားသော ကန်ဒေါင့်ရဲစခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“တပ်ရင်းတွေ ၊ LPDF တွေ အများကြီးနဲ့ ဝင်တိုက်ခဲ့တာပါ၊ စခန်းသိမ်းဖို့ ကြိုးစားခဲ့တာ၊ စခန်းတော့ မသိမ်းနိုင်ခဲ့ဖူး၊ စခန်းနားကို ပေ ၈၀ အကွာလောက်အထိတော့ ကပ်နိုင်ခဲ့တယ်၊ ခွေးတွေဘက်က ၆၀ မမတွေနဲ့လဲ ပြန်ပစ်တယ်။စစ်ကူလာတာတော့ မရှိပါဘူး” ဟု M7 People’s Defense Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သ တင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါတိုက်ခိုက်မှုကို မိုးကြိုးပြောက်ကျားတပ်ဖွဲ့ ၂၀၂ တပ်ရင်း M7 PEOPLE’S DEFENSE FORCE အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး စိုးရိမ်ရကြောင်း M7 PEOPLE’S DEFENSE FORCE ထံမှ သိရသည်။