ယင်းမာပင်မြို့နယ်ရှိ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် လမ်းပိုင်းကို ရွာပေါင်းစုံ သပိတ် ကော်မတီက ပြန်လည် ပြုပြင်
ရန်ကုန်၊ မေ ၂၃
ယင်းမာပင်မြို့နယ်ရှိ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် လမ်းပိုင်းကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် ကော်မတီက ပြန်လည် ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းသည် မုံရွာ-ယင်းမာပင်-ပုလဲ-ဂန့်ဂေါ တို့ကို ဆက်သွယ်ထားသော အဓိက လမ်းပိုင်းဖြစ်ကြောင်း သိရသည်