ပေါင်းတည်တွင် စစ်တပ်လမ်းပြ ပျူစောထီး တင်အောင်လေး ပစ်ခတ်ခံရပြီး သေဆုံး၊ အောင်လံမြို့၊ ဥယျာဥ်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ
ရန်ကုန်၊ ဇွန် ၁၂
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြိုနယ်၊ လက်ပံခုံရွာအရှေ့ဘက် တောစပ်၌ စစ်တပ်လမ်းပြ ပျူစောထီး တင်အောင်လေးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာ၌ပွဲချင်းပြီး သေဆုံးသွားကြောင်း ပေါင်းတည် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၁၁ ရက် ညနေ ၅ နာရီခန့်အချိန် ပေါင်းတည်မြို့နယ်၊ သစ်ပုတ် ကျေးရွာအုပ်စု၊ လက်ပံခုံ ကျေးရွာမှ အကြမ်း ဖက်စစ်ကောင်စီ သတင်းပေး ပျူစောထီး တင်အောင်လေးကို ပြည်ခရိုင် PDF တပ် ရင်း ၃၆၀၁ ၊ တပ်ခွဲ ၃ (ပေါင်းတည်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PPDF) က ပစ်ခတ်ရှင်းလင်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီသတင်းပေး တင်အောင်လေးသည် ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး လက်ပံခုန်ရွာသို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးရာတွင် တော်လှန်ရေးအင်အားစုများ၏ နေအိမ်များ ကို လမ်းပြလိုက်ပါပေးခြင်း၊ ကျေးရွာနေပြည်သူများအား ခြိမ်းခြောက်ဖမ်းဆီးခိုင်းခြင်း၊ ၎င်းအား ချန်လှပ် ၍ လက်ပံခုံရွာမှ အမျိုးသားများကို ဖမ်းဆီးစစ်ဆေးခိုင်းခြင်းများကို ကျူးလွန်ဆောင်ရွက်နေသူဖြစ် သ ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပေါင်းတည်PDF တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ အောင်လံမြို့၊ ဥယျာဥ်ကျေးရွာ အုပ်ချုပ်ရေးမှူး သောင်းစိုးဦး ပစ်ခတ်ခံရပြီး ဆေးကုသစဉ် သေဆုံးသွားသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၈ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အောင်လံမြို့၊ ဥယျာဥ် ကျေးရွာ အုပ်ချုပ်ရေးမှူးကို အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဒဏ်ရာရရှိစဉ် ဆေးကုသမှု ခံယူရာမှ သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာကြောင်း၊ အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
“ဥယျာဉ်ကျေးရွာနေ အုပ်စုအုပ်ချုပ်ရေးမှူး သောင်းစိုးဦးက ဇွန်လ ၈ ရက်နေ့ ည ၈ နာရီ၂၀ မိနစ်အချိန် မိုးကောင်းကျေးရွာမှ ဥယျာဉ်ကျေးရွာသို့အပြန်မှာ သူ့ဆိုင်ကယ်နောက်ကနေ သေနတ်သမား ၂ ဦးက လှမ်းပစ်တယ်။ အဲဒါ ညာဘက်လက်မောင်းမှာ ဒဏ်ရာရတယ်။ ဆေးကုသမှုကို အောင်လံပြည်သူ့ဆေးရုံမှာ ခံယူနေရာကနေ သေတယ်ဆိုပြီး သတင်းထွက်တယ်။ သူက ရပ်ကျေး ကြံ့ဖွတ်စည်းရုံးရေးမှူးလည်းဖြစ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ပေါင်းတည်မှ ပျူစောထီး တင်အောင်လေး ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။