27 C
Yangon

တနင်္သာရီမြို့နယ်တွင် စစ်တပ်၏ လက်နက်နှင့် ရိက္ခာပို့ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ မြိုင်နှင့် ပခုက္ကူတွင် စစ်ယာဥ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

တနင်္သာရီမြို့နယ်တွင် စစ်တပ်၏ လက်နက်နှင့် ရိက္ခာပို့ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ မြိုင်နှင့် ပခုက္ကူတွင် စစ်ယာဥ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ဇွန် ၁၂

တနင်္သာရီမြို့နယ်၊ သိန္ဓောရွာရှိ အကြမ်းဖက် စစ်တပ်၏ ရှေ့တန်း စခန်းကို လက်နက်နှင့် ရိက္ခာသွားပို့သည့် ခြေလျင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဇွွန်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ သိန္ဓောရွာရှိ အကြမ်းဖက် စစ်တပ်၏ ရှေ့တန်းစခန်းကို လက်နက်နှင့် ရိက္ခာသွားပို့သည့် ခြေလျင်စစ်ကြောင်းသည် ခြေမြန်တပ်ရင်း ခမရ ၅၆၁ ကိုပြန်လာစဥ် ကျွဲထိန်းကုန်းရွာနှင့် တောင်ဘိန်းရွာ အကြားတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း စစ်တပ် စစ်ကြောင်းကို မိုင်း ၂ လုံးနှင့် ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း၊ ထို့နောက် အပြန်အလှန် ပစ်ခတ်မှု ၁ နာရီဝန်းကျင် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းစစ်ကြောင်းသည် တပ်သား အင်အား ၆၀ ဝန်းကျင် ခန့်ရှိပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ၄၀ မမ ၊ ၆၀ မမ များဖြင့် အများအပြား ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် တပ်ရင်း ၂ နှင့် တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူ ပကဖ တပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၂ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ကမ္မဘက်မှ ပခုက္ကူ သို့ ထွက်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကား ၃ စီးကို ပခုက္ကူ-ကမ္မ- ပေါက်လမ်းရှိ ကန်တော်ကျေးရွာအနီး ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖတပ်ခွဲ ၁ မှ ပေပါ မိုင်း ၃ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ထိခိုပ်ဒဏ်ရာရရှိသူ များပြားပြီး သေဆုံးသူ အရေအတွက်အကို အတည်မပြုနိုင်သေးကြောင်း၊ ပြည်သူ့ ကာကွယ်ရေး တပ်သားများ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါကြောင်း သိရှိရသည်။

အလားတူ မြိုင်မြို့နယ်တွင် ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်း၌ စစ်တပ် ယာဥ်တန်းများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင် ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မြိုင်မြို့တောင်ဘက် ကျည်းပင်ကန်ရွာအနီးတွင် စက်မှု ၂ ဘက်မှ လာသည့် အကြမ်းဖက် စစ်တပ် နှင့် ပျူစောထီးများ၏ ကား၂ စီးကို ယနေ့ ဇွန် ၁၂ ရက်နေ့ နံနက် ၇ နာရီ ၁၉ မိနစ်တွင် မိုင်းသုံးလုံးပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပေါ်မှ စစ်ကောင်စီဝင်တစ်ဦး မိုင်းထိမှန်၍ဆေးရုံသို့ ပို့ဆောင်သွားကြောင်း မြိုင် ပကဖ မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် မြိုင်မြို့ဘက်မှ စစ်ကောင်စီကားတစ်စီး၊ ရိက္ခာကားတစ်စီးသည် စက်မှု ၂ ဘက်သို့ ပြန်လည် ထွက်ခွာလာပြီး ‌ရှေ့ပြေးကင်းများမှ ၄၀ မမ၊ လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်၍ ထွက်ခွာလာရာ ဝက်ကျုံးဆယ် အကျော်တွင် တော်လှန်ရေးအဖွဲ့များမှ ၎င်းတို့၏ ကားကို ကင်းပုန်းဝပ်၍ အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦးထက်မနည်းသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ တိုက်ခိုက်နေစဉ်အတွင်း မြိုင်မြို့ဘက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးနေ၍ ဆုတ်ခွာခဲ့ရကြောင်း၊ စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ အသက် ၈ နှစ်ခန့် အရွယ် ကလေးငယ် ၁ ဦး ဦးခေါင်းတွင် လက်နက်ကြီး ၆၀ မမ အဆန်ထိမှန်ခဲ့ကြောင်း မြိုင် ပကဖမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ရင်း ၁ ခွဲ ၃ နှင့် ကျေးရွာ ကာကွယ်ရေး အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article