26 C
Yangon

ပခုက္ကူတွင် စစ်တပ်၏ စစ်ဆေးရေးဂိတ် ၂ ခုကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး

Must read

ပခုက္ကူတွင် စစ်တပ်၏ စစ်ဆေးရေးဂိတ် ၂ ခုကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်ရွာရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ကျောက်လှေခါး ရွာရှိ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း ဒေါင်း‌ သွေးနီ ပြောက်ကျားတပ်ဖွဲ့ – YSO တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၁ ရက် နံနက် ၃ နာရီ ၁၅ မိနစ်ခန့်က ပခုက္ကူမြို့နယ်၊ ပန်းတိုင်ရွာရှိ အကြမ်းဖက် စစ်တပ် စစ် ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက်နိုင်ခြင်းမရှိသော်လည်း အကြမ်းဖက် စစ်သား ၇ ဦးနေရာမှာပင်သေဆုံးပြီး ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သား ၂ ဦးမှာ ဆေးရုံအရောက် သေဆုံးသွားကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၁ ရက် နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် ကျောက်လှေခါးကျေးရွာရှိ ပြည်သူများကို မတရားဂိတ်ကြေးကောက်နေသော အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝေဟင်မှ ဒရုန်းဖြင့် ဗုံးသီးကျဲချ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတစ်ဦး ဦးခေါင်းထိမှန်ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အခြား အကြမ်းဖက်စစ် သားများလည်း ထိခိုက်ဒဏ်ရာရရှိကာ ကတုတ်ကျင်းများအတွင်းမှ အော်ဟစ်ညည်းညူနေကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ – YSO ၊Urban Underground Revolution Force-YSO ၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Force ၊ Myingyan District Drone Strike ( MDDS)၊ နဂါးနီအထူးကွန်မန်ဒိုပြောက်ကျားတပ်ဖွဲ့(မြိုင်)၊Pakokku Special Guerrilla Force(ပကဖ-PSGF)၊ မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)၊ ညီနောင်သုံးဖော်(YSO)အဖွဲ့များပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article