32 C
Yangon

ရွှေဘိုတွင် စစ်တပ် ကင်းပုန်းကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရွှေဘိုတွင် စစ်တပ် ကင်းပုန်းကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားရွာနှင့် အိုးဗိုကျေးရွာ အကြားရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကင်းဗျားကျေးရွာကို ဝင်ရောက် ဖျက်ဆီး မီးရှို့ခဲ့သော အကြမ်းဖက် စစ်တပ်က ကင်းဗျားရွာနှင့် အိုးဗိုကျေးရွာ အတွင်း ကင်းပုန်း ဝပ်နေစဥ် ဒေသကာကွယ်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ်၂၃ မိခင်တပ်ရင်းနှင့် MDF Shwebo၊ ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်း ငါးမည်ရ ပျောက်ကြားတပ်ဖွဲ့၊ တိုက်နယ် ၅ ပကဖ နယ်မြေခံ တော်လှန်ရေး တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article