30 C
Yangon

ဖားဆောင်းမြို့နယ်၊ ခလရ ၁၃၄ နှင့် ၁၃၅ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု တပ်ကြပ်ကြီး အောင်ချမ်းငြိမ်း အပါအဝင် စစ်သား ၃ ဦးသေဆုံး

Must read

ဖားဆောင်းမြို့နယ်၊ ခလရ ၁၃၄ နှင့် ၁၃၅ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု တပ်ကြပ်ကြီး အောင်ချမ်းငြိမ်း အပါအဝင် စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၁

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ အမှတ် ၁၃၄ ခြေလျှင်တပ်ရင်းနှင့် အမှတ် ၁၃၅ ခြေလျှင်တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ တပ်ကြပ်ကြီးစာရေး အောင်ချမ်းငြိမ်း အပါအဝင် စစ်သား ၃ ဦး ထိမှန်သေဆုံးကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ဇွန်လ ၂၀ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန် ကရင်နီပြည်နယ်၊ ဖားဆောင်း မြို့နယ်၊ စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ၁၃၅ တို့ကို ဒရုန်းများဖြင့် ဗုံးများကျဲ ချကြောင်း၊ ဒရုန်းများကျဲချချိန်တွင် တပ်ကြပ်ကြီးစာရေး အောင်ချမ်းငြိမ်းနှင့် စစ်သား ၂ ဦးတို့မှာ ဗုံးထိမှန်ပြီး ပွဲချင်းပြီးသေဆုံးကြောင်း သိရှိရသည်။

“ဒရုန်းနဲ့ဗုံးကျဲတဲ့အချိန်မှာ သူတို့စစ်သားတွေ ထိပြီး ပွဲချင်းပြီး သေကုန်တော့‌ စစ်ခွေးတွေ ဆဲတာမှ မိုးမွှန်နေတာပဲ။ ဒီမနက်တော့ ဖားဆောင်းတံ တားမှာ လည်း တိုက်ပွဲတွေ စဖြစ်နေပြီ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ဖားဆောင်းမြို့တွင် စစ်တပ်အင်အားနည်းနေပြီး ကရင်နီတော်လှန် ရေး တပ်များ၊ PDF တပ်များ၏ တိုက်ခိုက်မှုကို စတင်ခံနေရပြီဖြစ်ကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုတချို့ရှိနေကြောင်း ဒေသပြည်သူတချို့က ပြောဆိုကြသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ဒရုန်းတစ်စင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article