33 C
Yangon

အမေရိကန်ဒေါ်လာ အဝယ်ထိုးတက်နေပြီး ကြိုက်ရောင်းကြိုက်ဝယ် စျေးဖြစ် ပေါ်၊ တစ်ဒေါ်လာ ၃၃၀၀ ဝန်းကျင်အထိ စျေးမြင့်တက်ပြီး ရွှေစျေး ၃၂ သိန်း ဝန်း ကျင်ဖြစ်နေ

Must read

အမေရိကန်ဒေါ်လာ အဝယ်ထိုးတက်နေပြီး ကြိုက်ရောင်းကြိုက်ဝယ် စျေးဖြစ် ပေါ်၊ တစ်ဒေါ်လာ ၃၃၀၀ ဝန်းကျင်အထိ စျေးမြင့်တက်ပြီး ရွှေစျေး ၃၂ သိန်း ဝန်း ကျင်ဖြစ်နေ

■ ဗဟိုဘဏ်နှင့်ပုဂ္ဂလိကဘဏ်များအကြား ငွေလဲနှုန်းတစ်မျိုး၊ ပြင်ပစျေး ကွက် ငွေလဲနှုန်းတစ်ဖုံ စျေးနှစ်မျိုးဖြစ်ပေါ်နေ

ရန်ကုန်၊ ဇွန် ၂၃

ပြည်တွင်းစျေးကွက်တွင် အမေရိကန်ဒေါ်လာ ဝယ်လိုအားထိုးတက်နေပြီး ကြိုက် ရောင်းကြိုက်ဝယ်စျေးကွက်ဖြစ်ပေါ်နေကာ တစ်ဒေါ်လာလျှင် ငွေကျပ် ၃၃၀၀ ကျပ် ဝန်းကျင်ဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့အခြေစိုက် ငွေလဲလှယ်ရေး အရောင်းအဝယ်သမားများထံမှ သိရှိရသည်။

“အခု ပုဂ္ဂလိက ငွေလဲစင်တာ၊ကောင်တာတွေမှာလည်း ဒေါ်လာ ဝယ်မရဘူး။ အခုလာဝယ်နေတာက ပြင်ပက ကျောင်းလခ သွင်းမယ့်သူ နိုင်ငံခြားသွားဖို့ ငွေဆောင်မယ့်သူ၊ ကိုယ့်ဟာကိုယ် ဒေါ်လာကို ဝယ်စုချင်တဲ့သူ အဲဒီလိုဝယ်လို အားတွေ အတော်ကိုတက်နေတယ်။ မြန်မာငွေကို ကိုင်ထားတဲ့သူတွေလည်း ဒေါ်လာပြောင်းကိုင်ဖို့ လုပ်ကြတယ်။ ငွေလဲလှယ်နှုန်းက နှစ်မျိုးဖြစ်နေတယ်။ တစ်မျိုးက ဘဏ်တွေနဲ့ ဗဟိုဘဏ်က သူ့ဟာသူ အရောင်းအဝယ်လုပ်တဲ့ စျေးနှုန်း။ နောက်တစ်ခုက အပြင်စျေးကွက်မှာ အရောင်း အဝယ်လုပ်တဲ့စျေး။ အပြင်စျေးကွက်က အခု တစ်ဒေါ်လာ ၃၃၀၀ အထိ စျေးပေးဝယ်တယ်။ အဲဒါ တောင် ပစ္စည်း ပြတ် နေလို့ မရဘူး။ အပြင်မှာ‌ စျေးတက်နေတာ” ဟု ရန်ကုန် မြို့၏ လက်ကြီးငွေလဲဒိုင်က ပြောသည်။

ရွှေစျေးမှာမူ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၂ သိန်း ဝန်းကျင်တွင် ပတ် ချာလည်နေပြီး အရောင်းအဝယ် မရှိကြောင်း၊ ရောင်းသူ နည်းပါးပြီး ဝယ်သူ သာလျှင် များပြားနေကြောင်း၊ ရွှေစျေးနှင့်ဒေါ်လာ စျေးအတက်တွင် ရွှေကုန် သည်များ ဖမ်းဆီးခံရမည်စိုးရိမ်၍ အလုပ်လုပ်မဘဲ ရှောင်တိမ်း နေကြကြောင်း သိရှိရသည်။

“၀ိုင်းထဲလည်း မသွားကြဘူး။ ရွှေကုန်သည်တွေ။ ရှေ့မှာ ဖမ်းထားတာ ပူပူ နွေးနွေးမှာ အခုလည်း ထပ်ဖမ်းခံရမှာစိုးလို့ မသွားကြဘူး။ ဖုန်းနဲ့ပဲ စျေးတောက်၊ မေးတာ မြန်းတာပဲရှိတယ်။ ထုတ်လည်းမရောင်းကြဘူး။ မိုးတွင်းဖြစ်တော့ ရွှေထည် ပစ္စည်းပြတ်နေတာ ရယ်၊ စျေးကွက်ဝယ်လိုအားကများပြီး ရောင်းလို အားမရှိတာကြောင့် စျေးကွက်မှာ ပစ္စည်းမရှိဘူး။ အဝယ်များတယ်” ဟု ရွှေဘုံသာလမ်းမှ ရွှေကုန်သည်တစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကမူ အမေရိကန်က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုဘဏ် MICB ဘဏ်တို့ကို စီးပွားရေးပိတ်ဆို့ ကြောင်း ကြေညာပြီးနောက် အမေရိကန်ဒေါ်လာ အဝယ်အရောင်း စျေးကွက် တစ်ခုလုံးကို ဗဟိုဘဏ်ကသာ ဆုံးဖြတ် လုပ်ကိုင်မည်ဟု ကြေညာကာ တရားဝင် စျေးကွက်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article