အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇွန် ၂၄
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ပို၍စိတ်နာ ပို၍ညီညွတ်
ပို၍စည်းလုံး ပို၍ရုန်းကန် ပြည်သူ့အားမာန်
အရှိန်အဟုန်ပြင်းစွာ ဆက်လက်တော်လှန်မှ ပန်းတိုင်ဆိုတာအမြန်ရောက်ပါမယ်” စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။