မန္တလေး LGBT သပိတ်ခေါင်းဆောင် ကိုဂျက်စတင်မင်းဟိန်းကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်၊ ဒဂုံတက္ကသိုလ်ကျောင်းသူ မဝတ်ရည်အောင် ကို လည်း စစ်တပ်က ထောင်ဒဏ် ၇ နှစ်ချမှတ်
ရန်ကုန်၊ ဇွန် ၂၉
မန္တလေး LGBT သပိတ်ခေါင်းဆောင် ကိုဂျက်စတင်မင်းဟိန်းကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း LGBT အရေး တက်ကြွလှုပ်ရှားသူ စော ဟန် နွေဦးက ပြောသည်။
” ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာ သူ အဖမ်းခံရတယ်။ ပျောက်သွား တာ ရုတ်တရက်။ ၅ ရက်အကြာမှ အဖမ်းခံရမှန်းသိတာ။ တစ်နှစ်နီးပါး အမှုကို တရားရင်ဆိုင်လိုက်ရတယ်။ Gay ဖြစ်နေတော့ မိသားစုက လည်း အရမ်း ဂရုမစိုက်ဘူး။ စစ်ကောင်စီက နှိပ်စက်တာမျိုးတွေလည်း ရှိခဲ့တယ်။ ရေကြည် အိုင် စစ်ကြောရေးမှာ။ ကျန်းမာရေးအခြေအနေက သူကအစာအိမ်ရှိတယ် ဆိုတော့ စိတ်ပူရတယ်။ ခဏခဏ အောင့်တယ်တော့ပြောတယ်။ မနေ့ ဇွန်လ ၂၉ ရက်နေ့မှာ အမိန့်ချလိုက်တယ်။ ၁၀ နှစ်တဲ့ ။ ပုဒ်မ ၅၀၅ (က) (ခ)၊ ပုဒ်မ ၅၀ (ည) တွေနဲ့ချတာ။ မန္တလေးနဲ့ရန်ကုန်သပိတ်တွေမှာ LGBT ကိုယ်စားပြုတဲ့ သပိတ်တွေအပြင် အရမ်းကျပ်နေတဲ့ကြားက ရန်ကုန်မှာ ထွက်ခဲ့တဲ့သပိတ် စစ်ကြောင်း တွေမှာဦးဆောင်ပါဝင်ခဲ့တယ်”ဟု စောဟန်နွေဦးက ပြောသည်။
ထို့ပြင် ၂၀၂၁ စက်တင်ဘာ ၁၄ရက်တွင် မတရား ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၃နှစ် ချမှတ်ခံထားရသော မဝတ်ရည်အောင် (သတ္တဗေဒ-ဒုတိယနှစ်) သည် ၂၀၂၃ခုနှစ် ဇွန်လ ၂၇ရက်နေ့တွင် ပုဒ်မ၅၂(က) ဖြင့် ထောင် ဒဏ် (၄)နှစ် ထပ်မံ ချမှတ်လိုက်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂထံမှ သိရှိရသည်။
မဝတ်ရည်အောင်သည် စုစုပေါင်း ထောင်ဒဏ် ၇ နှစ် ဖြင့် အမိန့် ချမှတ်ခံထားရ ပြီး လက်ရှိအင်းစိန်ထောင်တွင် မတရား ဖိနှိပ်မှု၊ အတင်းအဓမ္မ နှိပ်စက်မှု၊ ကျန်းမာ ရေး စောင့်ရှောက်ခွင့်မပေးမှုများ ခံစားနေရလျက်ရှိကြောင်း၊ လက်ရှိ တွင် လည်း စစ်ကြောရေးမှ အကြမ်းဖက် နှိပ်စက်မှုများကြောင့် ကျန်းမာရေး ဆိုးဝါးလျက်ရှိပြီး စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်း သိရှိရသည်။
မဝတ်ရည်အောင်နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံရသော သမဂ္ဂကျောင်း သားများ ဖြစ်သည့် ကိုရဲလင်းဦး(ရှေးဟောင်းသုတေသန – ဒုတိယနှစ်)နှင့် ကိုနေ ထက် လင်း (သမိုင်း)တို့အား ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က ဖြင့် မတ်လ ၁၀ရက်နေ့၌ အကြမ်းဖက်စစ်တပ်၏ အင်းစိန်ထောင်တွင်းတရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်(ချုပ်ရက်သက်သာခွင့်ပါ) ချမှတ်ခဲ့ခြင်းခံခဲ့ရသည်။
ထို့နောက် မဝတ်ရည်အောင်နှင့်ကိုရဲလင်းဦးအား အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၅၂(က)ဖြင့်ထပ်မံ အမှုဖွင့်ထားရာမှ ယခုအခါ မဝတ်ရည် အောင် အား ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ်လေးနှစ် ချမှတ်ခြင်းခံရပြီး ကျန်၂ ဦး မှာ ယနေ့အချိန်ထိ အမိန့်ချမှတ်ခြင်းမရှိသေးပေ။
မဝတ်ရည်အောင်အပြင် ထောင်ပေါင်းများစွာသော ဒဂုံတက္ကသိုလ်မှ ကျောင်း သား၊ ကျောင်းသူများ၊ တော်လှန်ရေးသမားများကို အကြမ်းဖက်စစ်ကောင်စီက မတရားဖိနှိပ်လျက်ရှိကြောင်း သိရှိရသည်။

