ရန်ကုန်မြို့တွင် တော်လှန်ရေး အင်အားစုများက “ငါတို့ အလှည့်လာပြီ” စာတန်းချိတ်ဆွဲ
ရန်ကုန်၊ ဇွန် ၂၉
ရန်ကုန်မြို့ရှိ တံတားတစ်ခုပေါ်တွင် ယနေ့ ဇွန်လ ၂၉ ရက်နေ့၌ Kyimyindaing Networks (KMD18) နှင့် Mayangone Democratic Front (MDF) တော်လှန်ရေး အင်အားစုများပူးပေါင်းကာ “ငါတို့ အလှည့်လာပြီ” စာတန်း ချိတ်ဆွဲပြီး တော်လှန်ရေး တိုက်စစ် အရှိန်မြင့်လှုံ့ဆော်မှု နှင့် အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး အာဏာဖီဆန် တော်လှန်ပုန်ကန် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိ အခြေအနေသည် “မပြီးသေးဘူး ငါတိုအလှည့်ကျန်သေးတယ်” ဆိုသည့် အဆင့်မှ ရန်သူကို “သတိထား ငါတို့ အလှည့်လာပြီ” ဟု ဘက်ပေါင်းစုံမှ ညာသံပေး တိုက်စစ်ဖွင့်နေကြပြီး ပြည်သူများ အားလုံး၏ လွတ်လပ်ရေး၊ တရားမျှတမှုနှင့် နိုင်ငံတော်၏ အခွင့်အာဏာကို ပြန်လည်ရယူနိုင်တော့မည်ဖြစ်ကြောင်း၊ ပြည်သူ လူထုမှလည်း တော်လှန်ရေး အင်အားစုများနှင့် လက်တွဲ ပူးပေါင်းပါဝင်ပြီး အင်တိုက်အားတိုက် အတူတူရုန်းလိုက်ကြရန် တိုက်တွန်းနှိုးဆော်ကြောင်း တော်လှန်ရေး အင်အားစုများက ပြောဆိုသည်။


