24 C
Yangon

လူမြင်ကွင်းမထွက်တဲ့ စစ်ကောင်စီခန့် ယာယီသမ္မတ မြင့်ဆွေ ရန်ကုန် ဆာကူရာတာဝါမှာ သွားဆေးခန်းလာပြ၊ ဗိုလ်ချုပ်လမ်းနဲ့ဆာကူရာတာဝါတစ်၀ိုက် လုံခြုံရေး တင်းကျပ်ထား

Must read

ရန်ကုန်၊ မတ် ၁၀

လူမြင်ကွင်းမထွက်တဲ့ စစ်ကောင်စီခန့် ယာယီသမ္မတ မြင့်ဆွေဟာ ဒီနေ့ နံနက်ပိုင်း ရန်ကုန်မြို့လယ်ခေါင် ဆာကူရာတာဝါမှာရှိတဲ့ Sakura Tower Dental Clinic မှာ သွားဆေးခန်းလာပြတယ်လို့ တပ်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကဆီ သိရပါတယ်။

ရန်ကုန် Sakura တာဝါမှာ သွားဆေးခန်း ဖွင့်ထားတဲ့ ဒေါက်တာထွန်းထွန်းသွယ် ဟာ မြင့်ဆွေရဲ့ သွားကို ကုသမှု ပေးတဲ့ မူလလက်ဟောင်း သွားဆရာဝန်တစ်ဦးဖြစ်ပြီး အခုလည်း မြင့်ဆွေရဲ့ သွားကို အဲဒီဆရာဝန်ရဲ့ ဆေးခန်းဖြစ်တဲ့ Sakura Tower Dental Clinic မှာ လာပြတာဖြစ်တယ်လို့ သိရပါတယ်။

“ခွေးတွေ မြို့ထဲက Sakura Tower မှာခြေရှုပ်နေတယ်။ အရပ်၀တ်တွေလည်းပါတယ်။ အကျီအဖြူ ပုဆိုးတွေနဲ့။ ဆာကူရာတာဝါ အရှေ့ပေါက်က မ၀င်ခိုင်းဘူး။ ၃၃ လမ်းဘက် အပေါက်က၀င်ရတယ်။ ပန်းဆိုးတန်း တံတားအောက်မှာလည်း စစ်ကားနဲ့ရဲကားတွေရှိတယ်။ ဗိုလ်ချုပ်တစ်လမ်းလုံး အဲ့ခွေးကောင်တွေရှိတယ်။ Sakura Towerထဲက CB bank ရှေ့မှာအရပ်၀တ်တွေနဲ့။ ဒီမနက် ၈ ခွဲလောက်ကစပြီး ရုံးတက်တဲ့၀န်ထမ်းတွေကို ပစ္စည်းသယ်တဲ့ဓာ‌တ်လှေကားကပဲတက်ခိုင်းတယ်။ အရင်သုံးနေကျဓာတ်လှေကားကို မတက်ခိုင်းဘူး။ လုံခြုံရေးကတော့ သူတို့ စစ်ခွေးတွေ အတက်အဆင်း ပြည့်နေလို့ပြောတယ်။ လူပြည့်လို့ ဒီဘက် ဓာတ်လှေကားက တက်ခိုင်းတာလို့ပြောတယ်။ ဆာကူရာတာဝါ ရုံးထဲမှာတော့ အရပ် ၀တ်စစ်ခွေးတွေပဲရှိတာ။ မနေ့ကတည်းက စစ်ခွေးက အရပ်ဝတ်တွေနဲ့ စောင့်နေကြတာ Sakura Tower မှာ”လို့ ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။

မြင့်ဆွေဟာ စစ်တပ်ရဲ့ ရွေးကောက်ထားတဲ့ ဒုသမ္မတဖြစ်ပြီး လူထုရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို မင်းအောင်လှိုင်က ဖြုတ်ချပြီး ဥပဒေမဲ့ ယာယီသမ္မတ ဆိုပြီး ဖြစ်လာသူလည်း ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article