ရန်ကုန်၊
မကွေးတိုင်း၊ ဆောမြိုန့ယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက မတ်လ ၈ ရက်နှင့် ၉ ရက်တွင် ဝိုင်းဝန်းတိုက်ခိုက်၍ စစ်သား ၁၅ ဦးထက်မနည်းသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရကြောင်း PDF – ဆော က သတင်းထုတ်ပြန်သည်။
အင်အား ၁၅၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၇ ရက်တွင် ဆောမှ ကျောက်ထုဘက်သို့ ထွက်ခွာလာသည့် စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။
အောင်ပွဲရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဒေသခံများက ‘PDF များ တိုက်ပွဲတိုင်း အောင်မြင်ပါစေ’ ဟု ကြွေးကြော်ပြီး သပြေပန်းများနှင့် ကြိုဆိုကာ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။