25 C
Yangon

ကျိုက်မရောတွင် ရဲကင်းဂိတ်က စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အငြိမ်းစားဗိုလ်မှူး၏ သားဖြစ်သူ ကိုငြိမ်းချမ်းအောင် ရုပ်အလောင်းကို ယနေ့ မီးသဂြိုလ်

Must read

ကျိုက်မရောတွင် ရဲကင်းဂိတ်က စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အငြိမ်းစားဗိုလ်မှူး၏ သားဖြစ်သူ ကိုငြိမ်းချမ်းအောင် ရုပ်အလောင်းကို ယနေ့ မီးသဂြိုလ်

ရန်ကုန်၊ ဇူလိုင် ၃

မွန်ပြည်နယ်၊ ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်မှ စစ်သားများက စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် အငြိမ်းစားဗိုလ်မှူး၏ သားဖြစ်သူ ကိုငြိမ်းချမ်းအောင် ရုပ်အလောင်းကို ယနေ့ မီးသဂြိုလ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ချောင်းခွတံတား ရဲကင်းဂိတ်ကို Saw Dragon Drone Force နှင့် Lion Battalion Commando – ဗျူဟာ စစ်ကြောင်းတို့ ပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိသောကြောင့် အကြမ်းဖက် စစ်တပ်က တံတားကို ယာယီ ပိတ်ပြီး စနိုက်ပါဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် အနီးအနား၌ ဆိုင်ကယ်ဖြင့် သွားလာနေသည့် အသက် ၃၂ နှစ်အရွယ် အငြိမ်းစားဗိုလ်မှူး၏ သားဖြစ်သူ ကိုငြိမ်းချမ်းအောင် ကျည်ထိမှန် သေဆုံးခဲ့ခြင်းကြောင်း သိရသည်။

သေဆုံးသွားသော ကိုငြိမ်းချမ်းအောင်၏ ရုပ်အလောင်းကို ယနေ့ မီးသဂြိုလ်ခဲ့ပြီး စနိုက်ပါ ကျည်ထိမှန်ကာ နှလုံးဖောက် ထွက်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကာ ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်က စစ်သား ၃ ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article