31.3 C
Yangon

မအူပင် တံတားဂိတ်တွင် စစ်သား အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ၂ ဦးလုံး သေဆုံး

Must read

မအူပင် တံတားဂိတ်တွင် စစ်သား အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ၂ ဦးလုံး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၄

ဧရာဝတီတိုင်း၊ မအူပင်တံတားဂိတ်တွင် အကြမ်းဖက် စစ်တပ်မှ စစ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၂ ဦးလုံး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၁ နာရီ ကျော်ခန့်တွင် မအူပင် တံတား ဂိတ်စောင့်နေသည့် အကြမ်းဖက် စစ်တပ်မှ အရာရှိ စစ်သား နှင့် အောက်ခြေ စစ်သားတို့ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၂ ဦးလုံးသေဆုံးခဲ့ကြောင်း သိရသည်။

” အတိုကျည်ကပ် ကျည် ၂၀ ပါတဲ့ ကျည်အိမ်ထဲမှာတောင် ကျည် ၁ တောင့်ပဲ ကျန်တော့တဲ့အထိ ပစ်တာလို့ သိရတယ်။ တစ်ယောက်က အတိုနဲ့ တစ်ယောက်က အရှည်နဲ့ ပစ်တာ နံနင် ၁၁ ကျော်လောက်က ဖြစ်သွားတာ ဖြစ်တဲ့ အချိန်တည်းက တစ်ယောက်မှ မထိရဲလို့ ဒီတိုင်းပဲ ထားပြီးတော့ အရေးပေါ်ကား လာသယ်သွားတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ မအူပင်တံတားဂိတ်တွင် မအူပင်မြို့ တစ်ဖက်ကမ်းရှိ ဂိတ်ဖြစ်ပြီး အကြမ်းဖက် စစ်တပ်က လာရောက် တပ်စွဲပြီး ဂိတ်ထိုင်သည်မှာ တစ်ပတ်ခန့်သာ ရှိသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article