ဒီးမော့ဆို၊ စစ်ဘေးရှောင် စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၂နှစ် ၁၀လအရွယ် ကလေး ၁ ဦးအပါအဝင် ၃ ဦး ထိခိုက် ဒဏ်ရာရရှိ
ရန်ကုန်၊ ဇူလိုင် ၄
ကရင်နီပြည်နယ်၊ ဒီမော့ဆို့မြို့နယ်ရှိ စစ်ဘေးရှောင်စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၂နှစ် ၁၀လအရွယ် ကလေး ၁ ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသ ပြည်သူများနှင့် ဒေသကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယနေ့ ဇူလိုင်လ ၄ ရက် နံနက် ၂ နာရီ ၁ မိနစ်တွင်တစ်ကြိမ်၊ နံနက် ၂ နာရီ ၄ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၄ နာရီ ၇ မိနစ်တွင် တစ်ကြိမ် အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးဖြင့် ၃ ကြိမ်တိုင် တိုင်ပေါင် ၅၀၀ ဗုံး ၂ လုံး၊ ပေါင် ၁၀၀ ဗုံး ၂ လုံး ဗုံးကျဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက် ၂ နှစ် ၁၀ လအရွယ် ကလေး တစ်ဦးနှင့် မိဘနှစ်ဦး ဒဏ်ရာ ရရှိကာ စာသင်ကျောင်းနှင့် စစ်ဘေးရှောင် တဲတချို့ပါ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် နေ့စဉ်နှင့်အမျှ လေကြောင်းအသုံးပြုကာ ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများအပေါ် ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲတိုက်ခိုက်နေပြီး မိဘပြည်သူများ၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့် အသိသတိဖြင့် နေထိုင်ကြရန် Demawso PDF -1102 က သတိပေးထားသည်။



