31 C
Yangon

လေးကေ့ကော်ဒေသ တိုက်ပွဲတွင်စစ်သား ၅ ဦး သေဆုံးပြီး သေနတ် ၁ လက်နှင့် အသုံးအဆောင်အချို့ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ မတ် ၁၀

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ လေးကေ့ကော်ဒေသတွင် ယမန်နေ့ မတ်လ ၉ ရက်၌ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်၊ ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရခဲ့ပြီး သေနတ် ၁ လက်နှင့် အသုံးအဆောင်အချို့ သိမ်းဆည်းရမိကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ထံမှ သိရှိရသည်။

ယမန်နေ့ မနက် ၁၁ နာရီမှ စတင်ကာ လေးကေ့ကော်ဒေသတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၄ နာရီခွဲခန့်တွင် စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးဖြင့် လေးကေကော်၊ ရသေ့ဂူ၊ လေးကပေါ်ရေတံခွန့်တောင် ကျောဘက်၊ မဲကနယ်စသည့်နေရာများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဟု မြေပြင်ရဲဘော်များနှင့် ဒေသသတင်းရင်းမြစ်များက ဆိုသည်။

ယနေ့တွင် လေးကေ့ကော်ဒေသတွင် စစ်ကောင်စီက ကင်းထောက်လေယာဉ် ပျံဝဲခဲ့ကြောင်း သိရှိရပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း သိရှိရသည်။

လေးကေ့ကော်ဒေသတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ၃ လခန့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး သောင်းချီသော ဒေသခံများ စစ်ရှောင်နေကြရပြီး မတ်လ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။

မတ်လ ၇ ရက်နေ့တွင် KNU တပ်မဟာ ၆ က အရှေ့တောင်တိုင်းဌာနချုပ်ထံ အသိပေးစာပေးပို့ခဲ့ပြီး အဆိုပါစာတွင် ကရင်အမျိုးသားပြည်သူလူထု၏ ရင်ဆိုင်နေရသော ဒုက္ခများနှင့် အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ကူညီဖြေရှင်းရန် KNU တွင် တာဝန်ရှိကြောင်း၊ ပြည်သူများ အေးချမ်းစွာပြန်လည်နေထိုင်နိုင်ရန် လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်တောင်ပိုင်းဒေသများရှိ စစ်ကောင်စီတပ်ဖွဲ့များ ၃ ရက်အတွင်း ပြန်လည်ဆုတ်ခွာရန်အသိပေးကြောင်း ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article