28 C
Yangon

ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်ကို KIA က ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်၊ ရေစကြိုတွင် မိုင်းမိသေသည့် ရဲအသုဘ ထပ်မံမိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထပ်သေ၊ နှောရိုးကျေးရွာကို စစ်တပ်က ယခု မီးရှို့နေ

Must read

ရန်ကုန်၊ မတ် ၁၀

ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်ကို KIA က ယနေ့ ၃ ကြိမ် မိုင်းဆွဲတိုက် ခိုက် ကြောင်း KIA က သတင်းထုတ်ပြန်သည်။

KIA အမှတ်(၃) တပ်မဟာ၊အမှတ် (၂၇) တပ်ရင်း နယ်မြေ အူလန်ပါ(Ulang Pa) မော်ဆွေ (Maw Swi)နှင့် ဘန်ခုန်ယန်(Bang Hkung Yang) ရွာ အနားတွင် စစ်ကောင်စီတပ်ဖွဲ့ကို KIA တပ်ဖွဲ့များက မတ်လ (၁၀)ရက်နေ့က သုံးနေရာမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါစစ်တပ်သည် လွယ်ဂျောင်ဘွမ် (Loi Jau Bum) တပ်စခန်းသို့ ရိက္ခာ ပို့ဆောင်ရာမှ ပြန်လာဖြစ်ကြောင်း သိရှိရသည်။

အလားတူ မတ်လ ၁၀ ရက်နေ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် မိုင်းမိ၍ သေသွားသော ရဲတပ်သား ဂျော်ကာတိုး၏ အသုဘကို ယနေ့ ညနေ (၄) နာရီဝန်းကျင်ရေစကြိုသချိုင်းတွင် ပြုလုပ်နေစဉ် မိုင်း ၂ လုံးခွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကြောင်း၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ရေစကြို People Defense Force Yesagyoက သတင်းထုတ်ပြန်သည်။

အလားတူ မတ်လ ၁၀ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ် အချိန် ယင်းမာပင်မြိုနယ်၊ နှောရိုးကျေးရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်မီးရှို့နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- KIA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article