29 C
Yangon

ရေတာရှည်တွင် ကင်းပုန်းဝပ်ရန် လာသော စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ရေတာရှည်တွင် ကင်းပုန်းဝပ်ရန် လာသော စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၀

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ စည်ပိုင်းကျေးရွာတွင် တပ်စွဲထား‌‌သော အင်အား ၁၅၀ ခန့်ရှိ စစ်ကြောင်းမှ စစ်သားတချို့က စည်ပိုင်းကျေးရွာ အရှေ့ သရက်တောတွင် ကင်းပုန်းလာ၀ပ်စဉ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း ရေတာရှည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇူလိုင် ၈ ရက်၊ တနင်္ဂနွေ၊ ည ၁၁ နာရီအချိန် စည်ပိုင်းကျေးရွာတွင် တပ်စွဲထားသော စစ်တပ် မှ စစ်သားတချို့က ရွာအရှေ့ဘက် သရက်တောတွင် ကင်းပုန်းလာ၀ပ်စဉ် တော်လှန်ရေး အင်အားစုများမှ ၄၀မမ လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦး ကျဆုံးခဲ့ကြောင်း၊ ထို့အတူ ဇူလိုင် ၉ ရက်နေ့၊ နံနက် ၄ နာရီအချိန် မိချောင်းအိုင်ကျေးရွာအုပ်စု၊ ဇရစ်ရိုးကုန်းကျေးရွာသို့ ရှမ်းရွာလေးကျေးရွာ မြစ်ကမ်းပါးအတိုင်း အင်အား ၄၀ ခန့်ဖြင့် စစ်တပ်က စစ်ကြောင်းထိုးလာကြောင်း၊ တော်လှန်ရေးအင်အားစုများက လက်ဦးမှု ရယူကာ စတင်ပစ်ခတ်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ အရေးမသာသောကြောင့် ရှမ်းစုကျေးရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး တိုက်ပွဲကြာချိန် ၁ နာရီ ၃၀ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှု မသိရှိရသေးဟုဆိုသည်။

ထို့ပြင် ဇူလိုင် ၉ ရက်နေ့၊ နံနက် ၈ နာရီအချိန်၌ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာနှင့် စည်ပိုင်းကျေး ရွာအတွင်း တပ်စွဲထားသော အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေး အင်အားစုများက စစ်ကြောင်း သုံးကြောင်းခွဲကာ ရွာသစ်ကျေးရွာအထိ လိုက်လံ တိုက်ခိုက်နယ်မြေရှ င်းလင်းခဲ့ကြောင်း၊ စစ်ကောင်စီတပ်များမှာ စစ်တောင်းမြစ်အနောက်ခြမ်းသို့ ဆုတ်ခွာသွားခဲ့သဖြင့် မွန်းလွဲ ၁ နာရီခန့်အချိန်တွင် နယ်မြေရှင်းလင်းမှု ပြီးစီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲများတွင် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄/ ၆၊ ရေတာရှည်မြို့နယ် ပကဖ နှင့် အလယ်ပိုင်းတိုင်း နေပြည်တော်စစ်ဒေသခွဲ ရိုးမစစ်ကြောင်းတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် RPG ကျည်ဖူး တစ်တောင့်၊ ၄၀ မမ ကျည် ၂လုံးနှင့် စစ်တပ်ယူနီဖောင်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article