28 C
Yangon

ပခုက္ကူ၊ အင်္ဂပူနှင့် ရေးတို့တွင် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ၂ဦးသေဆုံးကာ ပျူစောထီး ၃ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ မတ် ၁၁

မကွေးတိုင်း ပခုက္ကူမြို့နယ် အတွင်းရှိ ကျေးရွာ တစ်ရွာကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီး နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီး အဖွဲ့ကို မတ်လ ၉ရက်နေ့တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ ၄ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပျူစောထီးအဖွဲ့ဝင် ၃ဦး ဖမ်းဆီးရမိခဲ့ကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့ (PUGF) ထံမှသိရသည်။

အဆိုပါအကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ပခုက္ကူတော်လှန်ရေးတပ်ဦး (PRF) ၊ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (PUGF) ၊ PKU Generation Z နှင့်ဒေသခံတော်လှန်ရေး တပ်ပေါင်းစု တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့၊ ထန်းပင်ကုန်းကျေးရွာတွင် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ လှိုင်ဝင်းအောင်ကို မတ်လ ၁၁ ရက်နေ့ နံနက် ၃ နာရီခန့်တွင် စွန်ရဲနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ လှိုင်ဝင်းအောင်သည် ဦးခေါင်းကို သေနတ်ကျည် ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် ရဲယူနီဖောင်းဝတ်ဆင်ကာ ကျေးရွာနေ ပြည်သူများအား ခြိမ်းခြောက်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများကို သတင်းပေးခြင်း ငွေကြေးချမ်းသာသူများအား ဖမ်းဆီး ငွေညှစ်ခြင်းများ လုပ်ဆောင်နေသူ ဖြစ်ကြောင်း စွန်ရဲနီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မွန်ပြည်နယ် ရေးမြို့တွင် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ကျောင်းဆရာမ ဝင်းချိုကို မတ်လ ၁၀ ရက် နံနက် ၇ နာရီ မိနစ်ခန့်တွင် ရေးဘီလူး တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ ကျောင်းဆရာမ ဝင်းချိုသည် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး CDM ပြုလုပ်ထားသည့် ကျောင်းဆရာ၊ ဆရာမ တွေကို ဖိအားပေး ခြိမ်းခြောက်ပြီး ပညာရေးဝန်ထမ်းများ၏ အချက်အလက်များကို စစ်ကောင်စီထံ ပေးပို့မှုများပါ လုပ်ဆောင်နေကြောင်း ရေးဘီလူးတပ်ဖွဲ့ထံမှ သိရသည်။

Photo – စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ လှိုင်ဝင်းအောင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article