ရန်ကုန်၊ မတ် ၁၂
ကရင်နီပြည်နယ်နှင့်ရှမ်းပြည်နယ်အစပ် မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖြစ်သော တပ်မ ၆၆ မှ တပ်သား ၂ ဦး ဖမ်းဆီးရမိကြောင်း Karenni Nationalities Defense Force – KNDF – Pekhon Zone က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ၂၄ ရက်နေ့ မိုးဗြဲတိုက်ပွဲအတွင်းတွင် KNDF/B-03 က တပ်မ ၆၆ ၊ ခလရ ၁၁ မှ တပ်သား ၂ ဦး ဖမ်းဆီးရမိကြောင်း၊ တပ်သား ၂ ဦးနှင့်အတူရရှိထားသော ပစ္စည်းများကိုလည်း KSP ထံသို့ လွှဲပြောင်းထားပြီးဖြစ်ကြောင်း သိရှိရသည်။