23 C
Yangon

နောင်ချိုမြို့ရှိ CDM လုပ်ထားသည့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှုး ဦးဌေးလင်းအောင် (ခ) ကိုဘမောင်ကို အကြမ်းဖက် စစ်ကောင်စီဝင်များ ဖမ်းဆီးရိုက်နှက် နှိပ်စက်၊ အသက်အန္တရာယ် စိုးရိမ်ရ

Must read

ရန်ကုန်၊ မတ် ၁၂

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီး ၁၁ ရက်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စကာ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် နောင်ချိုမြို့ရှိ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်(ခ)ကိုဘမောင် ကို မတ်လ ၃ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်တွင် ကျောက်မဲမြို့အဝင်တိုးဂိတ်၌ အကြမ်းဖက် စစ်ကောင်စီဝင် စစ်တပ်၊ ရဲ ၊ ထွေအုပ်ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လက်ရှိအချိန်တွင် ဦးဌေးလင်းအောင် (ခ) ကိုဘမောင်ကို ကျောက်မဲမြို့ရှိ စရဖ တပ်ဝင်းအတွင်း စစ်ကြောရေးတွင် ရိုက်နှက်စစ်ဆေးနေသည်ဟု ကြားသိရပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေနှင့် ကြုံတွေ့နေသည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article