ရေစကြိုမြို့နယ်တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၂၄
ရေစကြိုမြို့နယ် လူထုသပိတ် တိုက်ပွဲ ဦးဆောင်ကော်မတီက ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင် တို့ကို အကြမ်းဖက် စစ်ကောင်စီက မတရားကြိုးပေးကွပ်မျက်ခဲ့သည့် တစ်နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးအတွက် ပေးဆပ်သွားခဲ့ကြသော သူရဲကောင်းများကို ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့် ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ) တို့ပူးပေါင်းကာ ညသပိတ် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။